Freeman in the Lord.
(၁ကော၊ ၇း၂၂)
[ Verse 1. ]
ထုတ်ဆောင်တော်မူခြင်းကို မုချခံရ။
ကျေးဇူးတော်အပေါင်းမှာ၊ တိုင်းမသိများပြား၊
နေ့စဥ်-ဆုမင်္ဂလာ၊ သိမြင်တွေ့ပြီးမှ၊
အထက်-ကျွန်ခံရာ၊ အဖြစ်ကိုသိရ။
[ Chorus ]
ယခုတွင် လူလွတ်-စင်စစ်ဖြစ်လေပြီ။
ထုံးပုံသင်းပင်းမှ-ခု-ရှင်းရှင်းလွတ်ပြီ။
ယခုမှာ လူလွတ်-ဖြစ်၍သာထင်ရှား၊
လွတ်သူတို့ခွင်မှာ-ထူးကြောင်းကိုမြင်ရ။
[ Verse 2. ]
ရွေးဝယ်တော်မူခြင်းကို တည့်လင်းခံရာ၊
ပိုင်ဆိုင်တော်မူသည် ရှင်သခင်မြတ်သာ၊
သို့ကြောင့်၊ ကိုယ့်အဖို့ သက်ရှင်ရန်မသင့်၊
ဝိညာဥ်တော် ညွှန်ထား၊ လူ့ကျွန်မခံနှင့်။
[ Chorus ]
ယခုတွင် လူလွတ်-စင်စစ်ဖြစ်လေပြီ။
ထုံးပုံသင်းပင်းမှ-ခု-ရှင်းရှင်းလွတ်ပြီ။
ယခုမှာ လူလွတ်-ဖြစ်၍သာထင်ရှား၊
လွတ်သူတို့ခွင်မှာ-ထူးကြောင်းကိုမြင်ရ။
[ Verse 3. ]
မောရှေ-ထုတ်ဆောင်သူများသည် မိမိတို့၊
နှစ်သက်သည့်အစာ၊ တောင့်တကြသည်လို၊
သွေးသား-တပ်မက်ခြင်းကို ခွင့်ပြုလိုက်လျှင်၊
အထက်ကျွန်ခံရာ၊ တစ်ဖန်ပြန်သွားချင်။
[ Chorus ]
ယခုတွင် လူလွတ်-စင်စစ်ဖြစ်လေပြီ။
ထုံးပုံသင်းပင်းမှ-ခု-ရှင်းရှင်းလွတ်ပြီ။
ယခုမှာ လူလွတ်-ဖြစ်၍သာထင်ရှား၊
လွတ်သူတို့ခွင်မှာ-ထူးကြောင်းကိုမြင်ရ။
[ Verse 4. ]
သို့လျှင်-သန့်ရှင်းသူ၊ ဆောင်ထုတ်ခြင်းခံရ။
နှုတ်တော်ထွက်စကား၊ ကြးနာလျက်မှတ်ယူ၊
ထွန်ကိုင်းကိုင်သူသည်၊ လှည့်-မကြည့်စေနှင့်။
လောတ-ခင်ပွန်းလို၊ ဖြစ်မည်ကို - စိုးသင့်။
[ Chorus ]
ယခုတွင် လူလွတ်-စင်စစ်ဖြစ်လေပြီ။
ထုံးပုံသင်းပင်းမှ-ခု-ရှင်းရှင်းလွတ်ပြီ။
ယခုမှာ လူလွတ်-ဖြစ်၍သာထင်ရှား၊
လွတ်သူတို့ခွင်မှာ-ထူးကြောင်းကိုမြင်ရ။
207
