ကောင်းကင်သားများယူဆောင်။
Carried by the Angels
[ Verse 1. ]
သူဌေးကြီး၏ အိမ်တံခါးနားမှာထိုင်လျှက်၊
လာဇရုသည် အသက်ဆုံးရရှာ၊
ဒုက္ခဆင်းရဲထဲတွင် လောကစွန့်ပစ်ရက်၊
သေသော်ပြောင်းလဲခြင်းကို ကြည့်ရှုပါ။
[ Chorus ]
ချမ်းသာဘုံထဲသို့၊ ကောင်းကင်သားများ ယူဆောင်၊
အာကာသတွင်၊ သီချင်း-သံပြည့်ဝ၊
ကောင်းကင်ပွဲတော်ထဲသို့၊
ကယ်ချွတ်ရှင်ပို့ဆောင်၊ ချစ်သူတို့နှင့် ပါရဒိ-ဝင်စား။
[ Verse 2. ]
ဒုက္ခအသက်ဆုံးလျှင့်၊ ဘယ်သို့ဖြစ်မယ်နည်း၊
ကျွန်ုပ်တို့သည် ကိုယ်ကို မေးတတ်ကြ။
လောကခရီးလမ်းမှာ ဝန်လေးထမ်းရ၏၊
ဝမ်းနည်းခြင်းမျက်ရည်များကျရကြ။
[ Chorus ]
ချမ်းသာဘုံထဲသို့၊ ကောင်းကင်သားများ ယူဆောင်၊
အာကာသတွင်၊ သီချင်း-သံပြည့်ဝ၊
ကောင်းကင်ပွဲတော်ထဲသို့၊
ကယ်ချွတ်ရှင်ပို့ဆောင်၊ ချစ်သူတို့နှင့် ပါရဒိ-ဝင်စား။
[ Verse 3. ]
ယေရှုနောက်သို့ လိုက်သူ ဉစ္စာနည်းသော်လည်း၊
ထူးမြတ်ဘဏ္ဍာ ထက်ရပ်မှာရှိပါ၊
စုံစမ်းနှောင့်ယှက်ခြင်းသည် လွန်သွားပါလိမ့်မည်။
နောက်နောင်ပြောင်းလဲခြင်းရှိ၊ ဝမ်းမြောက်ပါ။
[ Chorus ]
ချမ်းသာဘုံထဲသို့၊ ကောင်းကင်သားများ ယူဆောင်၊
အာကာသတွင်၊ သီချင်း-သံပြည့်ဝ၊
ကောင်းကင်ပွဲတော်ထဲသို့၊
ကယ်ချွတ်ရှင်ပို့ဆောင်၊ ချစ်သူတို့နှင့် ပါရဒိ-ဝင်စား။
[ Verse 4. ]
သခင်ဘုရားရှိရာ ရှေ့သို့တိုးတက်ပါ၊
ပညာအချိန်ကိုယ်တော်ဖို့သုံးချ၊
ဆောင်ရွက်ရန်နည်းသော်လည်း၊ ဆုရမည်ကြီးစွာ၊
တိုင်ကိုထမ်းလျှင်သရဖူဆောင်းရ။
[ Chorus ]
ချမ်းသာဘုံထဲသို့၊ ကောင်းကင်သားများ ယူဆောင်၊
အာကာသတွင်၊ သီချင်း-သံပြည့်ဝ၊
ကောင်းကင်ပွဲတော်ထဲသို့၊
ကယ်ချွတ်ရှင်ပို့ဆောင်၊ ချစ်သူတို့နှင့် ပါရဒိ-ဝင်စား။
116