ထိမ်းမြားခြင်း။(ဧဖက်၊ ၅း၂၂-၃၃)
Wedding Hymn.
[ Verse 1. ]
ခုထိမ်းမြား လက်ထပ်သူများ၊ ဘုရားသခင်
ရှေ့တော်မှာ၊ ကွဲပြားမရှိတစ်သားတည်း၊
တစ်ကိုယ်ကဲ့သို့ပင် ဖြစ်သည်။
[ Chorus ]
ဤနေရာမှာ လွန်နက်နဲကြောင်း၊
နောက်နောင် တပည့်-ဖြစ်သူပေါင်း၊
သခင်လာ၍ သိမ်းဆည်းနည်း၊
ဖြစ်သည်၊ တမန်တော်-မိန့်ရှိ။
[ Verse 2. ]
ဘုရားသခင် ဖက်စပ်၍၊ ရှေ့တော်တွင်၊
ခင်ပွန်းဖြစ်နေ၊ မည်သူမျှ ခွဲခွာစေလင့်၊
တည့်လင်း ကိုယ်တော်မိန့် ဆိုနှင့်။
[ Chorus ]
ဤနေရာမှာ လွန်နက်နဲကြောင်း၊
နောက်နောင် တပည့်-ဖြစ်သူပေါင်း၊
သခင်လာ၍ သိမ်းဆည်းနည်း၊
ဖြစ်သည်၊ တမန်တော်-မိန့်ရှိ။
[ Verse 3. ]
မိန်းမသည် မိမိ၏လင်၊ ဦးခေါင်းဖြစ်၍ ရိုသေ
သင့်၊ လင်ဖြစ်သူမှာ ကိုယ့်မယား၊
ကိုယ့်ကဲ့သို့ပင် သဘောထား။
[ Chorus ]
ဤနေရာမှာ လွန်နက်နဲကြောင်း၊
နောက်နောင် တပည့်-ဖြစ်သူပေါင်း၊
သခင်လာ၍ သိမ်းဆည်းနည်း၊
ဖြစ်သည်၊ တမန်တော်-မိန့်ရှိ။
[ Verse 4. ]
ကိုယ့်ကိုယ်တိုင်ပင် ချစ်သည်နည်း၊
ခင်ပွန်းချင်းကို ချစ်အပ်သည်၊ သစ္စာစောင့်၍
စဥ်တည်ကြည်၊ မစွန့်ပစ်ပဲ မြဲရမည်။
[ Chorus ]
ဤနေရာမှာ လွန်နက်နဲကြောင်း၊
နောက်နောင် တပည့်-ဖြစ်သူပေါင်း၊
သခင်လာ၍ သိမ်းဆည်းနည်း၊
ဖြစ်သည်၊ တမန်တော်-မိန့်ရှိ။
184
