ယေရှုရှင် ကယ်ချွတ်တင်။
Jesus Saves.
[ Verse 1. ]
ဝမ်းမြောက်သတင်းတော်ကြားရ၊ ယေရှုရှင်ကယ်
ချွတ်တင်၊ ထိုသတင်းတော်ကြွေးကြော်ကြ၊ ယေရှု
ရှင် ကယ်ချွတ်တင်၊ အရပ်တိုင်းသို့ဆောင်ယူသွား
တောင်ပေါ်ကျော်ပင်လယ်ကူးပါ၊သခင့်မိန့်တော်
ကြော်ငြာကြ၊ ယေရှုရှင် ကယ်ချွတ်တင်။
[ Verse 2. ]
ပင်လယ်ကျော်လျက်သံလွှင့်ကြ၊ ယေရှုရှင်ကယ်
ချွတ်တင်၊ နီးဝေးပြစ်ရှိသူပြောပါ၊ယေရှုရှင်ကယ်
ချွတ်တင်။ ကျွန်းများတို့ သီချင်းဆိုလေ၊ပင်လယ်
ပေါ်ပဲ့တင်ထပ်စေ။ လောကတွင် ဝမ်းမြောက်ကြ
ချေ၊ ယေရှုရှင် ကယ်ချွတ်တင်။
[ Verse 3. ]
ကြိုးပမ်းရာမှ ကြွေးကြော်ကြ၊ ယေရှုရှင်ကယ်ချွတ်
တင်၊ သေခြင်းဖြင့် သက်ထာဝရ၊ ယေရှုရှင် ကယ်
ချွတ်တင်။ ကရုဏာတောင်းလျှောက်စဥ်ခါ၊ဖြည်း
ညှင်းစွာသီချင်းဆိုပါ။ သေခြင်းအောင် လျက်ကျူး
ဧကြ၊ ယေရှုရှင် ကယ်ချွတ်တင်။
[ Verse 4. ]
လောကတွင် ကြွေးကြော်ကြလေ၊ ယေရှုရှင်ကယ်
ချွတ်တင်၊ လူမျိုးပေါင်း ဝမ်းမြောက်ကြစေ၊ ယေရှု
ရှင်ကယ်ချွတ်တင်၊ တောင်ထိပ်နှင့်ချိုင့်နက်တို့မှာ၊
ကယ်တင်ခြင်းအကြောင်း ကြော်ငြာ၊ အောင်မြင်
ခြင်းသီချင်းမြတ်ကား၊ ယေရှုရှင်ကယ်ချွတ်တင်။
157
