ယေရှုဖို့ ထကြ။
Stand Up , Stand up for Jesus.
[ Verse 1. ]
ယေရှုဖို့ ရပ်လျက်တိုက်ကြ၊ ကားတိုင်စစ်သူရဲ
များ။ အလံတော်ကို ချီးမြှောက်ကြ၊
ရှုံးခြင်း မခံစေရာ။ အောင်မြင်ခြင်းမှ
အောင်ခြင်းသို့၊ တပ်တော် ဆောင်ပို့မူမည်။
ရန်သူတိုင်း ရှုံးသည်တိုင်အောင်
ဗိုလ်ချုပ်ယေရှု တိုက်မည်။
[ Verse 2. ]
ထွက်ကြ၊ ယေရှုဖို့တိုက်ကြ၊ တံပိုးမှုတ်သံနား
ထောင်။ စစ်ပွဲတွင် တိုက်ရန်ချီသွား
ဤနေ့တွင် စစ်ပွဲအောင်။ တပ်တော်တွင်
စစ်မှုထမ်းကြ၊ ရန်သူတို့ များပြားလှ၊
ဘေးရောက်သည့်ခါ ရဲရင့်ပါ။
အားချင်းဆိုင်၍ တိုက်ကြ။
[ Verse 3. ]
ထကြ၊ ယေရှုဖို့တိုက်ကြ၊ ကိုယ်တော်မြတ်အား
ဖြင့်သာ၊ သင်၏အားကို ကိုးစားလျှင်၊
ဧကန်ရှုံးမည်မှတ်ပါ။ ဧဝံဂေလိ ဒိုင်းလွှားဆောင်၊
ဆုတောင်းလျက် စောင့်နေပါ၊
ဆောင်ရွက်ရန် အမှုရှိလျှင်၊ အစဥ်အသင့်ရှိရာ။
99
