ကောင်းကင် ရွှေပြည်တော် ရောက်မည်။
When We All Get to Heaven.
[ Verse 1. ]
ကိုယ်တော်ရှင်၊ ယေရှုချစ်မူကြောင်း၊ ကျူးဧထောပနာ
ပြုစို့။ ကောင်းကင်ရွှေပြည်၊ ထွန်းလင်းတောက်ပ၊
ကျွန်ုပ်တို့၊ မုချ-ရောက်မည်။
[ Chorus ]
ထက်-ကောင်းကင်၊ ရွှေပြည်ရောက်လျှင်၊
ကျွန်ုပ်တို့၊ လိုအင်ဆန္ဒ၊ ပြည့်စုံမည်။ ကာလအစဥ်၊
ယေရှုအား၊ ချီးမွမ်း၊ ကျူးဧလျှက်၊ နေကြမည်။
[ Verse 2. ]
ရွှေပြည်တော်သို့ ရှေ့ရှူသွားစဥ်၊ ဝမ်းနည်းဒုက္ခကြုံကြ
လည်း၊ ထိုရွှေပြည်တော် ဝင်စားသောခါ၊ ထိုမှုများ
ကင်းရှင်း-လိမ့်မည်။
[ Chorus ]
ထက်-ကောင်းကင်၊ ရွှေပြည်ရောက်လျှင်၊
ကျွန်ုပ်တို့၊ လိုအင်ဆန္ဒ၊ ပြည့်စုံမည်။ ကာလအစဥ်၊
ယေရှုအား၊ ချီးမွမ်း၊ ကျူးဧလျှက်၊ နေကြမည်။
[ Verse 3. ]
နေ့စဥ်သက်တာ၊ ယုံကြည်ခိုင်မြဲ၊ အာကာသသို့ပျံဝဲစဥ်၊
ထိုရွှေပြည်တော်-တွင်း၊ ဝင်စားရန်၊ ပြင်ဆင်-သင့်
ပစ္စု-ပ္ပန်မှာ။
[ Chorus ]
ထက်-ကောင်းကင်၊ ရွှေပြည်ရောက်လျှင်၊
ကျွန်ုပ်တို့၊ လိုအင်ဆန္ဒ၊ ပြည့်စုံမည်။ ကာလအစဥ်၊
ယေရှုအား၊ ချီးမွမ်း၊ ကျူးဧလျှက်၊ နေကြမည်။
[ Verse 4. ]
ဝမ်းမြောက်ငြိမ်သက်၊ ရွှင်လန်းခြင်းဖြင့်၊ ငှက်လိုပျံဝဲ
ရောက်ချင်လှ။ ကောင်းကင်ရွှေတံခါး ဝင်သည်နှင့်
ဖူးတွေ့မည်၊ မြို့တော်-ရွှေပြည်။
[ Chorus ]
ထက်-ကောင်းကင်၊ ရွှေပြည်ရောက်လျှင်၊
ကျွန်ုပ်တို့၊ လိုအင်ဆန္ဒ၊ ပြည့်စုံမည်။ ကာလအစဥ်၊
ယေရှုအား၊ ချီးမွမ်း၊ ကျူးဧလျှက်၊ နေကြမည်။
171