အသေခံသော ချစ်ခြင်း။
Saviour Thy dying love.
[ Verse 1. ]
ကယ်တင်ပိုင်-သောဘုရား၊ မေတ္တာတော်ရှင်၊
စဥ်မြဲထံတော်ပါးမှ၊ ဆုတ်-မခွာသင့်၊
ရှေ့တော်၌ နှိပ်ချစွာ၊ စိတ်ထဲ၌ သစ္စာထား၊
ကိုယ်တော်အားလှူရန်ယဇ်၊ ယူဆောင်ခဲ့သည်။
[ Verse 2. ]
ကရုဏာ-ပလ္လင်ရှေ့၊ တောင်းပန်ရန်ဝင်၊
ယုံကြည်အားနည်း မြှော်ကြည့်၊ ယေရှုသခင်၊
ကားတိုင်ကိုထမ်း၍သာ၊ အံ့ဖွယ်မေတ္တာကြော်ငြာ၊
ဆုတောင်းခြင်း၊ချီးမွမ်းခြင်း၊ ယူဆောင်ခဲ့သည်။
[ Verse 3. ]
ကိုယ်တော်နှင့် -တူစေရန်၊ တည်ကြည်စိတ်သွင်း၊
တစ်နေ့တစ်နေ့လွန်ပြန်၊ တိုး၍သိမြင်၊ချစ်
မေတ္တာမှုတော်ဆောင် ၊ ကြင်နာခြင်းပြခဲ့ကြောင်း၊
ကိုယ်တော်ထံပျောက်သူကို ၊ ယူဆောင်ခဲ့သည်။
[ Verse 4. ]
ကျွန်ုပ်ပိုင်ဆိုင်-သမျှ၊ ကိုယ်တော်ပိုင်ရာ၊ဝမ်းနည်း
ဝမ်းမြောက်သက်တာ၊ ကိုယ်တော်ဖို့သာ၊
မျက်နှာတော် ဖူးမြင်လျှင်၊ ကျွန်ုပ်ဝိညာဥ်-ကိုယ်
တော်အား၊ မြဲထာဝရပတ်လုံး၊ ဆက်သပါသည်။
141
