ယခုတွင် လူလွတ်။(၂ကော၊ ၇း၂၂)
Freeman in the lord.
[ Verse 1. ]
ထုတ်ဆောင်တော်မူခြင်းကို မုချခံရ၊ ကျေးဇူးတော်
ပေါင်းမှာ၊ တိုင်း-မသိများပြား၊ နေ့စဥ်ဆုမင်္ဂလာ၊သိ
မြင်တွေ့ပြီးမှ၊ အထက်ကျွန်ခံရာ၊ အဖြစ်ကို-သိရ။
[ Chorus ]
ယခုတွင် လူလွတ်၊ စင်စစ်ဖြစ်လေပြီ၊
ထုံးပုံသင်းပင်းမှ၊ ခုရှင်းရှင်းလွတ်ပြီ၊
ယခုမှာ လူလွတ်၊ ဖြစ်၍သာထင်ရှား၊
လွတ်သူတို့ခွင့်မှာ၊ ထူးကြောင်းကိုမြင်ရ။
[ Verse 2. ]
ရွေးဝယ်တော်မူခြင်းကို တည့်လင်းခံရာ၊ ပိုင်ဆိုင်တော်မူ
သည်။ ရှင်သခင်မြတ်သာ သို့ကြောင့်၊ ကိုယ့်အဖို့သက်
ရှင်ရန်မသင့်၊ ဝိညာဥ်တော်ညွှန်ထား လူ့ကျွန်မခံနှင့်။
[ Chorus ]
ယခုတွင် လူလွတ်၊ စင်စစ်ဖြစ်လေပြီ၊
ထုံးပုံသင်းပင်းမှ၊ ခုရှင်းရှင်းလွတ်ပြီ၊
ယခုမှာ လူလွတ်၊ ဖြစ်၍သာထင်ရှား၊
လွတ်သူတို့ခွင့်မှာ၊ ထူးကြောင်းကိုမြင်ရ။
[ Verse 3. ]
မောရှေ-ထုတ်ဆောင်သူများသည် မိမိတို့၊ နှစ်သက်
သည့်အစာတောင့်တကြသည်လို၊ သွေးသားတပ်မက်
ခြင်းကို ခွင့်ပြုလိုက်လျှင်၊ အထက်ကျွန်ခံရာ တစ်ဖန် ပြန်သွားချင်။
[ Chorus ]
ယခုတွင် လူလွတ်၊ စင်စစ်ဖြစ်လေပြီ၊
ထုံးပုံသင်းပင်းမှ၊ ခုရှင်းရှင်းလွတ်ပြီ၊
ယခုမှာ လူလွတ်၊ ဖြစ်၍သာထင်ရှား၊
လွတ်သူတို့ခွင့်မှာ၊ ထူးကြောင်းကိုမြင်ရ။
[ Verse 4. ]
သို့လျှင်သန့်ရှင်းသူ ဆော်ထုတ်ခြင်းခံသူ၊ နှုတ်တော်
ထွက် စကားကြားနာလျက်-မှတ်ယူ။ ထွန်ကိုင်းကိုင်
သူသည် လှည့်-မကြည့်စေနှင့်။ လောဘ-ခင်ပွန်းလို
ဖြစ်မည်ကို-စိုးသင့်။
[ Chorus ]
ယခုတွင် လူလွတ်၊ စင်စစ်ဖြစ်လေပြီ၊
ထုံးပုံသင်းပင်းမှ၊ ခုရှင်းရှင်းလွတ်ပြီ၊
ယခုမှာ လူလွတ်၊ ဖြစ်၍သာထင်ရှား၊
လွတ်သူတို့ခွင့်မှာ၊ ထူးကြောင်းကိုမြင်ရ။
193
