ကောင်းပေသည်။
It Is Well With My Soul.
[ Verse 1. ]
ငြိမ်သက်ခြင်း မြစ်လို၊ ကျွန်ုပ်ကို လမ်းပြသည်။
ဝမ်းနည်းခြင်း ပင်လယ်လှိုင်းလိမ့်လို၊ ကိုယ်
တော် ကျွန်ုပ်အား သင်သောအရာများသည်၊
ကောင်းပေသည်၊ ကောင်းပေသည်၊ ဝိညာဥ်ဖို့။
[ Chorus ]
ကောင်းပေသည်၊ ဝိညာဥ်ဖို့၊
(ကောင်းပေသည်)၂-ခါ၊ ဝိညာဥ်ဖို့။
[ Verse 2. ]
စာတန်နှောင့်ယှက်၍ စုံစမ်းခြင်း ရောက်သော်
လည်း၊ ကတိတော်မြတ် တည်မြဲပါစေ။
ခရစ်တော် ကျွန်ုပ်အားနည်းခြင်း ထောက်ရှုပြီ၊
ကျွန်ုပ်-ဝိညာဥ်ဖို့ သွေးတော်သွန်းလေ။
[ Chorus ]
ကောင်းပေသည်၊ ဝိညာဥ်ဖို့၊
(ကောင်းပေသည်)၂-ခါ၊ ဝိညာဥ်ဖို့။
[ Verse 3. ]
အို-ဖွယ်ချစ်ခြင်း၊ မေတ္တာတော် အောက်မေ့
သော်၊ ငါ၏အပြစ် အားလုံးတို့ပင်၊ ငါမှ လွတ်
ရှင်းကွာ၊ ဆွဲခြင်းခံ တိုင်တော်ပေါ်၊
ကိုယ်တော်အား ချီးမွမ်းလော့၊ ငါ့-ဝိညာဥ်။
[ Chorus ]
ကောင်းပေသည်၊ ဝိညာဥ်ဖို့၊
(ကောင်းပေသည်)၂-ခါ၊ ဝိညာဥ်ဖို့။
[ Verse 4. ]
နောက်ဆုံးနေ့၌ ကိုယ်တော် သက်ဆင်းကြွ
သောခါ၊ မိုးတိမ်ရီမှောင်လွင့် ပျောက်လိမ့်မည်၊
ကိုယ်တော် ဤလောကသို့ ဆင်းသက်ကြွလာ
ရာ၊ ကျွန်ုပ်-ဝိညာဥ်ဖို့ ကောင်းလှပေသည်။
[ Chorus ]
ကောင်းပေသည်၊ ဝိညာဥ်ဖို့၊
(ကောင်းပေသည်)၂-ခါ၊ ဝိညာဥ်ဖို့။
127
