အသက်မုန့် ကိုအသနားခံကျူး။
Break Thou the Bread of Life.
[ Verse 1. ]
အသက်မုန့် ကျွန်ုပ်အား ပေးပါဘုရား၊
အိုင်နားမှာ ပြုနည်းတူ၊ ကျွန်ုပ်တို့အား၊
ကျမ်းစာတော်မြတ်အပြင် ကိုယ်တော်အသား၊
ငတ်မွတ်သော ဝိညာဥ်အား ကျွေးပါ၊ ဘုရား။
[ Verse 2. ]
သမ္မာတရားတော်ဖြင့် ၊ ကျွန်ုပ်တို့အား၊
မင်္ဂလာ ဖြစ်စေအောင် ပြုပြင်မူပါ၊
သို့မှ ပြစ်ရှိသမျှ ကင်းစေပါမည်၊
တို့ ဝိညာဥ် ငြိမ်သက်ခြင်း တည်စေသတည်း။
[ Verse 3. ]
ကျွန်ုပ် ဥစ္စာပစ္စည်း၊ အသက် ဝိညာဥ်၊
ရှိသမျှ အရာကို ထံတော် ဆက်သွင်း၊
ကြံစည် တော်မူသည်ကို ကျွန်ုပ်မသိ၊
ယုံခြင်း၊ မျှော်လင့်ခြင်းနှင့် အပ်ထားပါ၏။
[ Verse 4. ]
ကိုယ်တော် အကြံတော်မှာ သုံးတော်မူပါ၊
ကျွန်ုပ်ကို ခိုင်းလိုလျှင် စေခိုင်းမူပါ၊ သို့လျှင်
ငတ်မွတ်သောသူ၊ အားနည်းသူလည်း၊
အသက်မုန့်စားရန် အခွင့်ရပေမည်။
66
