ယေရှုရှင်ဖို့ အသက်ရှင်ခြင်း။
Living for Jesus.
[ Verse 1. ]
ယေရှုရှင်ဖို့သာ သစ္စာနှင့်နေမည်။ ပြုမှုလေသမျှ
နှစ်သက်စေပါမည်။ စိတ်ပါ၊ ဝမ်းမြောက်စွာ၊ အလို
တော်လိုက်မည်။ ဤသို့ပြုခြင်းသာ ကောင်းချီးခံရမည်။
[ Chorus ]
ကယ်တင်ရှင် ယေရှုသခင်၊ ကိုယ်ကို
ပူဇော်ဆက်တင်၊ ကျွန်ုပ်ကို ကယ်တင်ဖို့
ရာ၊ ကိုယ်တော်ရှင် သေခံရှာ၊ ကျွန်ုပ်
သခင်ကိုယ်တော်သာ၊ စိတ်တွင်ကိန်း
ဝပ်မူပါ။ နောက်နောင်၊ ကိုယ်တော်အ
ရှင်ဖို့သာ၊ အသက်ကို ပူဇော်မည်။
[ Verse 2. ]
သေခံရှင်ဖို့သာ အသက်ရှင်ပါမည်။ ကျွန်ုပ်ပြစ်-
ကြောင့်သာ ကိုယ်တော်သေခံပြီ။ ရှိသမျှအပ်ပြီး၊
နောက်တော်လိုက်ဖို့လည်း၊
ဤမေတ္တာတော်ပင်၊ သွေးဆောင်ခေါ်ယူ၏။
[ Chorus ]
ကယ်တင်ရှင် ယေရှုသခင်၊ ကိုယ်ကို
ပူဇော်ဆက်တင်၊ ကျွန်ုပ်ကို ကယ်တင်ဖို့
ရာ၊ ကိုယ်တော်ရှင် သေခံရှာ၊ ကျွန်ုပ်
သခင်ကိုယ်တော်သာ၊ စိတ်တွင်ကိန်း
ဝပ်မူပါ။ နောက်နောင်၊ ကိုယ်တော်အ
ရှင်ဖို့သာ၊ အသက်ကို ပူဇော်မည်။
[ Verse 3. ]
ဘယ်ရပ်မှာမဆို၊ ကိုယ်တော်ဖို့အသက်ရှင်၊ နာမတော်
မြတ်နှင့် ဝတ်ကိုဆောင်ရွက်ချင်။ ဒုက္ခခံရလျှင် မညည်း
ဘဲခံချင်၊ ကိုယ်တိုင်ထမ်းဖို့ရာ၊ ကားတိုင်ပင်မှတ်ထင်။
[ Chorus ]
ကယ်တင်ရှင် ယေရှုသခင်၊ ကိုယ်ကို
ပူဇော်ဆက်တင်၊ ကျွန်ုပ်ကို ကယ်တင်ဖို့
ရာ၊ ကိုယ်တော်ရှင် သေခံရှာ၊ ကျွန်ုပ်
သခင်ကိုယ်တော်သာ၊ စိတ်တွင်ကိန်း
ဝပ်မူပါ။ နောက်နောင်၊ ကိုယ်တော်အ
ရှင်ဖို့သာ၊ အသက်ကို ပူဇော်မည်။
[ Verse 4. ]
ခဏ-သက်ရှင်စဥ်၊ ကိုယ်တော်ဖို့ အသက်ရှင်၊ ကိုယ်
တော်ဝမ်းမြောက်ခြင်း၊ ထူးမြတ်သဏ္ဍထင်၊ လမ်းလွှဲ
သူတို့ကို ၊ ကိုယ်တော်ရှင်ထံသို့၊ ပြန်လာစိမ့်သောငှာ၊
ရှာဖွေလျက်၊ ဆောင်ပို့။
[ Chorus ]
ကယ်တင်ရှင် ယေရှုသခင်၊ ကိုယ်ကို
ပူဇော်ဆက်တင်၊ ကျွန်ုပ်ကို ကယ်တင်ဖို့
ရာ၊ ကိုယ်တော်ရှင် သေခံရှာ၊ ကျွန်ုပ်
သခင်ကိုယ်တော်သာ၊ စိတ်တွင်ကိန်း
ဝပ်မူပါ။ နောက်နောင်၊ ကိုယ်တော်အ
ရှင်ဖို့သာ၊ အသက်ကို ပူဇော်မည်။
142
