ကိုယ်တော်သာလျှင် ကြီးမြတ်မူပေ။
How Great Thou Art.
[ Verse 1. ]
အိုဖဘုရား၊ ကျွန်ုပ်မှာ အံ့ဖွယ်ရာများ၊ အောက်မေ့
စဥ်ခါ၊ ကိုယ်တော် ဖန်ဆင်း လျက်ထား၊ နက္ခတ်
တာရာ၊ မိုးကြိုး ထစ်ချုန်းသံများပြင်၊ ခပ်သိမ်းမူရာ
ပြုပြင်တော်မူအရှင်။
[ Chorus ]
ကျွန်ုပ် ဝိညာဥ်၊ ကိုယ်တော်ကို ချီးမွမ်းချင်၊
ကိုယ်တော်သာလျှင် ကယ်တင်ပိုင်ရှင်။
ကျွန်ုပ် ဝိညာဥ် ကိုယ်တော်ကို ချီးမွမ်းစေ၊
ကိုယ်တော်သာလျှင် ကြီးမြတ်မူပေ။
[ Verse 2. ]
တောအုံ တောင်ကြား ၊ ကျွန်ုပ် ခရီးသွားရာလမ်း၊
ကျေးငျက်မှားစွာ သာယာမြည်တွန် ပျံသန်း။ ကုန်း
မြင့်တောင်ထိပ်၊ ဆိတ်ငြိမ်ရာရပ်မှ မြင်နိုင်၊ မြက်
ခင်းလွင်ပြင်၊ လေညှင်း တိုက်ခတ် ယိမ်းယိုင်။
[ Chorus ]
ကျွန်ုပ် ဝိညာဥ်၊ ကိုယ်တော်ကို ချီးမွမ်းချင်၊
ကိုယ်တော်သာလျှင် ကယ်တင်ပိုင်ရှင်။
ကျွန်ုပ် ဝိညာဥ် ကိုယ်တော်ကို ချီးမွမ်းစေ၊
ကိုယ်တော်သာလျှင် ကြီးမြတ်မူပေ။
[ Verse 3. ]
ဘုရားရှင်မှာ သားတော်ကိုပင်မညှာပေ၊ လူသတ္တဝါ
အပေါင်းတွက် သေခံစေ။ ကားတိုင်ပေါဝယ်၊
သွေးတော်ပင် သွန်းခြင်းခံရှာ၊ လူတို့ပြစ်များ၊
ကိုယ်တော် ဆောင်ယူကြွသွား။
[ Chorus ]
ကျွန်ုပ် ဝိညာဥ်၊ ကိုယ်တော်ကို ချီးမွမ်းချင်၊
ကိုယ်တော်သာလျှင် ကယ်တင်ပိုင်ရှင်။
ကျွန်ုပ် ဝိညာဥ် ကိုယ်တော်ကို ချီးမွမ်းစေ၊
ကိုယ်တော်သာလျှင် ကြီးမြတ်မူပေ။
[ Verse 4. ]
ကြွလာခြင်းကို ကျွန်ုပ်တို့ မျှော်လင့်တောင့်တ၊နေ့
ညဥ့်မပြတ်၊ ဒူးထောက်ဆုတောင်းနေအပ်၊ ယေရှု
သခင် တဖန်ဆင်းသက်ကြွလာပါ၊ ကောင်းကင်စံရာ၊
ကျွန်ုပ်ကို ဆောင်ယူပါ။
[ Chorus ]
ကျွန်ုပ် ဝိညာဥ်၊ ကိုယ်တော်ကို ချီးမွမ်းချင်၊
ကိုယ်တော်သာလျှင် ကယ်တင်ပိုင်ရှင်။
ကျွန်ုပ် ဝိညာဥ် ကိုယ်တော်ကို ချီးမွမ်းစေ၊
ကိုယ်တော်သာလျှင် ကြီးမြတ်မူပေ။
7