ချီးမွမ်းကြပါ၏။
Revive Us Again.
[ Verse 1. ]
ချီးမွမ်းကြပါ၏၊ အိုခမည်းတော်မြတ်စွာ၊
ချစ်သားတော်စေလွှတ်၍ ခုထံတော်ပြန်သွား။
[ Chorus ]
ဟာလေလုယာ၊ ဘုန်းတော်ကြီးလှ၊
ဟာလေလုယာ၊ အာမင်။ ဘုန်းတန်ခိုးတော်
ဆင်းသက်ပြပါ၊ သန့်ရှင်းသော ဝိညာဥ်။
[ Verse 2. ]
ချီးမွမ်းကြပါ၏၊ ကိုယ်တော်ဝိညာဥ်တော်သည်၊
ထွန်းလင်း၍ ကယ်ချွတ်ရှင်ကိုသိစေပါပြီ။
[ Chorus ]
ဟာလေလုယာ၊ ဘုန်းတော်ကြီးလှ၊
ဟာလေလုယာ၊ အာမင်။ ဘုန်းတန်ခိုးတော်
ဆင်းသက်ပြပါ၊ သန့်ရှင်းသော ဝိညာဥ်။
[ Verse 3. ]
ငါတို့၏ပြစ်ဒဏ်၊ လုံးစုံများကိုခံသော၊ စင်
ကြယ်စေ သိုးငယ်တော်၊ ချီးမွမ်းကြကုန်လော့။
[ Chorus ]
ဟာလေလုယာ၊ ဘုန်းတော်ကြီးလှ၊
ဟာလေလုယာ၊ အာမင်။ ဘုန်းတန်ခိုးတော်
ဆင်းသက်ပြပါ၊ သန့်ရှင်းသော ဝိညာဥ်။
[ Verse 4. ]
ရွေးကောက်၍ခေါ်မူ၊ ဘုန်းတန်ခိုးနှင့်ချွတ်
သော၊ ဆုကျေးဇူးမျိုးမျိုးရှင်၊ ချီးမွမ်းကြကုန်လော့။
[ Chorus ]
ဟာလေလုယာ၊ ဘုန်းတော်ကြီးလှ၊
ဟာလေလုယာ၊ အာမင်။ ဘုန်းတန်ခိုးတော်
ဆင်းသက်ပြပါ၊ သန့်ရှင်းသော ဝိညာဥ်။
[ Verse 5. ]
ကျွန်ုပ်တို့ထဲသို့၊ ကိုယ်တော်မေတ္တာများစွာ၊
ထပ်သွင်းလျက် သွန်းလောင်း၍ ၊ ပြန်ပြုပြင်မူပါ။
[ Chorus ]
ဟာလေလုယာ၊ ဘုန်းတော်ကြီးလှ၊
ဟာလေလုယာ၊ အာမင်။ ဘုန်းတန်ခိုးတော်
ဆင်းသက်ပြပါ၊ သန့်ရှင်းသော ဝိညာဥ်။
91
