အံ့ဖွယ်ဝတ္တု ကျွန်ုပ်ကျူးမည်။
I Will Sing the Wonderous Story.
[ Verse 1. ]
အံ့ဖွယ်ဝတ္တုကို ကျူးဧမည်၊ ခရစ်တော် သေခံမူရာ။
ထက်ကောင်ကင် ဘုန်းတော်မြတ်စွန့်၏။
တိုင်ပေါ်မှာ သေခံခြင်းငှာ။
[ Chorus ]
ကျူးဧမည်၊ အံ့ဖွယ်ဝတ္တုတော်၊ ကျွန်ုပ်တွက်-
ယေရှု-သေခံ၊ ဖန်ရေကန်-တော်နား
စုရုံးသော်၊ သန်းရှင်း-သူများနှင့် ကျူးကြ။
[ Verse 2. ]
ပျောက်စဥ်ခါ ယေရှုရှင် ရှာတွေ့၊ လမ်းလွဲသော
သိုးကိုတွေ့လေ။ လက်တော်ဖြင့် ကျွန်ုပ်ကို ပိုက်ပွေ့၊
လမ်းတော်ထဲသို့ ပြန်ပို့ပေ။
[ Chorus ]
ကျူးဧမည်၊ အံ့ဖွယ်ဝတ္တုတော်၊ ကျွန်ုပ်တွက်-
ယေရှု-သေခံ၊ ဖန်ရေကန်-တော်နား
စုရုံးသော်၊ သန်းရှင်း-သူများနှင့် ကျူးကြ။
[ Verse 3. ]
နာသောခါ ယေရှုချမ်းသာပေး၊ လဲသောကြောင့်၊
အားနည်းလှ၏။ မျက်စိကွယ်၍ ကြောက်ခြင်းပြည့်
လေ၊ သို့သော်၊ ကိုယ်တော် လွှ်တ်မူပြီ။
[ Chorus ]
ကျူးဧမည်၊ အံ့ဖွယ်ဝတ္တုတော်၊ ကျွန်ုပ်တွက်-
ယေရှု-သေခံ၊ ဖန်ရေကန်-တော်နား
စုရုံးသော်၊ သန်းရှင်း-သူများနှင့် ကျူးကြ။
[ Verse 4. ]
မှောင်မိုက်နေ့၊ ကျွန်ုပ်ပေါ် ရောက်လာ၊ ဝမ်းနည်း
ခြင်းလမ်းကို လျှောက်ရ။ ကိုယ်တော် ကျွန်ုပ်နှင့်
စဥ်ရှိပါ၊ လက်ဖြင့်၊ လုံခြုံစွာ လမ်းပြ။
[ Chorus ]
ကျူးဧမည်၊ အံ့ဖွယ်ဝတ္တုတော်၊ ကျွန်ုပ်တွက်-
ယေရှု-သေခံ၊ ဖန်ရေကန်-တော်နား
စုရုံးသော်၊ သန်းရှင်း-သူများနှင့် ကျူးကြ။
[ Verse 5. ]
သေခြင်းမြစ် ကူးရသည်တိုင်အောင်၊ ကိုယ်တော်
ရှင်စောင့်မမူမည်။ မြစ်ကိုကျော်၍ ဘေးမဲ့ပို့ဆောင်၊
ချစ်သူတို့နှင့် တွေ့ရမည်။
[ Chorus ]
ကျူးဧမည်၊ အံ့ဖွယ်ဝတ္တုတော်၊ ကျွန်ုပ်တွက်-
ယေရှု-သေခံ၊ ဖန်ရေကန်-တော်နား
စုရုံးသော်၊ သန်းရှင်း-သူများနှင့် ကျူးကြ။
28