အပြစ်များကို ဆေးကြောသောနေ့။
O Happy Day.
[ Verse 1. ]
အို-ကျေးဇူးရှင် သခင်ဘုရား၊ ကိုယ်တော်ကို
ခိုလှုံသောနေ့ကား၊ အလွန်သာယာသော နေ့ပေ
တည်း၊ အသက်ထက်ဆုံး အောက်မေ့-ပါမည်။
[ Chorus ]
( သာယာနေ့ ) ၂-ခါ။ အပြစ်များကို ဆေးကြော
သောနေ့၊ သခင်ယေရှု မဟာကျေးဇူး၊ ချီးမွမ်း
ကြကုန်၊ အသက်ထက်ဆုံး၊ သာယာနေ့၊ သာ
ယာနေ့၊ အပြစ်များကို ဆေးကြောသောနေ့။
[ Verse 2. ]
အလိုတော်ကို အစဥ်လိုက်မည်၊ ယခု စိတ်နှလုံး
ချပါပြီ၊ ဝမ်းမြောက်ဖွယ်သော သတင်းတရား၊
အလွန်နှစ်သက် အားရ-တကား။
[ Chorus ]
( သာယာနေ့ ) ၂-ခါ။ အပြစ်များကို ဆေးကြော
သောနေ့၊ သခင်ယေရှု မဟာကျေးဇူး၊ ချီးမွမ်း
ကြကုန်၊ အသက်ထက်ဆုံး၊ သာယာနေ့၊ သာ
ယာနေ့၊ အပြစ်များကို ဆေးကြောသောနေ့။
[ Verse 3. ]
ကြီးသောအမှု ခုပြီးပါပြီ၊ လက်တော်သို့ ကိုယ်ကို
အပ်ပြီးပါပြီ၊ ရှင်ယေရှုသည် ကျွန်ုပ်သခင်၊ဖြစ်မှန်းကို
မှတ်ကြပါ-အစဥ်။
[ Chorus ]
( သာယာနေ့ ) ၂-ခါ။ အပြစ်များကို ဆေးကြော
သောနေ့၊ သခင်ယေရှု မဟာကျေးဇူး၊ ချီးမွမ်း
ကြကုန်၊ အသက်ထက်ဆုံး၊ သာယာနေ့၊ သာ
ယာနေ့၊ အပြစ်များကို ဆေးကြောသောနေ့။
[ Verse 4. ]
ငါ့-စိတ်နှလုံး ငြိမ်ဝပ်ပါစေ၊ မှန်သောအကျိုးကို
တွေ့ရပြီ၊ ရှင်ယေရှုကို မှီဝဲခိုလှုံ၊ ရွှင်လန်းရမည်၊
ကမ္ကာ-မကုန်။
[ Chorus ]
( သာယာနေ့ ) ၂-ခါ။ အပြစ်များကို ဆေးကြော
သောနေ့၊ သခင်ယေရှု မဟာကျေးဇူး၊ ချီးမွမ်း
ကြကုန်၊ အသက်ထက်ဆုံး၊ သာယာနေ့၊ သာ
ယာနေ့၊ အပြစ်များကို ဆေးကြောသောနေ့။
65
