ကိုယ်တော်ကို လိုပါ၏။
I need Thee Every Hour.
[ Verse 1. ]
ကိုယ်တော်ကိုသာ သခင်၊ အစဥ်လိုပါ။
ကိုယ်တော်ရှိမှ သာလျှင်၊ စိတ်ငြိမ်း အေးရာ။
[ Chorus ]
ကိုယ်တော်ပင်၊ အို-ယေရှုရှင်၊
ပြစ်ရှိသူ ကယ်ပိုင်ရာ၊
ယခုပင် ကြွတော်မူလျှင်၊
ကယ်တော်မူပါ။
[ Verse 2. ]
ကိုယ်တော်ကို လိုပါ၏၊ အရှင်ယေရှု။
နာရီမပြတ် လိုသည်၊ မစတော်မူ။
[ Chorus ]
ကိုယ်တော်ပင်၊ အို-ယေရှုရှင်၊
ပြစ်ရှိသူ ကယ်ပိုင်ရာ၊
ယခုပင် ကြွတော်မူလျှင်၊
ကယ်တော်မူပါ။
[ Verse Chorus ]
ကိုယ်တော်မြတ်သည် လိုရင်းပင်၊
နာရီတိုင်း ခိုကိုးရ။ ခုကောင်းချီးပေး၊
ကယ်ချွတ်ရှင်၊ ခြေရင်း တော်လာ။
[ Chorus ]
ကိုယ်တော်ပင်၊ အို-ယေရှုရှင်၊
ပြစ်ရှိသူ ကယ်ပိုင်ရာ၊
ယခုပင် ကြွတော်မူလျှင်၊
ကယ်တော်မူပါ။
[ Verse 3. ]
ကြင်နာအသံတော်မျှ၊ အဘယ်သူဖြင့်
စိတ်အေးငြိမ်းခြင်း မရ၊ ချစ်သိုးထိန်းရှင်၊
[ Chorus ]
ကိုယ်တော်ပင်၊ အို-ယေရှုရှင်၊
ပြစ်ရှိသူ ကယ်ပိုင်ရာ၊
ယခုပင် ကြွတော်မူလျှင်၊
ကယ်တော်မူပါ။
[ Verse 4. ]
ကိုယ်တော်ကို လိုပါ၏၊ အနီးနေလျှင်။
အပြစ် တန်ခိုးမရှိ၊ ကယ်မသခင်။
[ Chorus ]
ကိုယ်တော်ပင်၊ အို-ယေရှုရှင်၊
ပြစ်ရှိသူ ကယ်ပိုင်ရာ၊
ယခုပင် ကြွတော်မူလျှင်၊
ကယ်တော်မူပါ။
[ Verse 5. ]
ကိုယ်တော်ကို လိုပါ၏။ အလျင်ကြွလာ။
ဒုက္ခ၊ သုခရှိရှိ၊ အနီးနေပါ။
[ Chorus ]
ကိုယ်တော်ပင်၊ အို-ယေရှုရှင်၊
ပြစ်ရှိသူ ကယ်ပိုင်ရာ၊
ယခုပင် ကြွတော်မူလျှင်၊
ကယ်တော်မူပါ။
108
