ခပ်သိမ်းမှုရာ ပြုစုညီညာ။(ရောမ၊ ၈း၂၈)
All things work together for good.
[ Verse 1. ]
ဖြစ်ပျက်ပေါ်ထွက်မူရာ ပေါင်းမှာ၊ ကောင်းကင်ဘုံ
ရှင်ခွင့်နှင့် ဖြစ်လာ။ ကိုယ်တော်မြတ်၏ ကြံစည်တော်
သည်၊ ကြီးမြင့်ဆန်းကြယ်၊ အံ့သြဖွယ်တည်း။
[ Chorus ]
ဘုရားရှင်ကို ချစ်သူဟူလို၊ ရွေးကောက်မူသော
သူတို့ ကျိုးကို ၊ ခပ်သိမ်းမှုရာ ပြုစုညီညာ၊
တည်ဆောက်ရာဟု ငါတို့-သိကြ။
[ Verse 2. ]
လူမျိုးအပေါင်း ထောင်သောင်းရှိရာ၊ နည်းပါးသူသာ၊
သနားညှာတာ၊ အခြားလမ်းများ လိုက်သူသိန်းသန်း၊
ပျက်စီးအံ့လော၊ မိုက်သူမေးမြန်း။
[ Chorus ]
ဘုရားရှင်ကို ချစ်သူဟူလို၊ ရွေးကောက်မူသော
သူတို့ ကျိုးကို ၊ ခပ်သိမ်းမှုရာ ပြုစုညီညာ၊
တည်ဆောက်ရာဟု ငါတို့-သိကြ။
[ Verse 3. ]
နေ့ညဥ့်မပြတ် မြင့်မြတ်ရပ်တွင်၊ ပြစ်တင်ရန်သူကျင့်
ကြံမှုပင်၊ သန့်ရှင်းသူပေါင်းတို့ ကောင်းဖို့ရာ၊
အမင်္ဂလာမှ၊ မင်္ဂလာဖြစ်ရာ။
[ Chorus ]
ဘုရားရှင်ကို ချစ်သူဟူလို၊ ရွေးကောက်မူသော
သူတို့ ကျိုးကို ၊ ခပ်သိမ်းမှုရာ ပြုစုညီညာ၊
တည်ဆောက်ရာဟု ငါတို့-သိကြ။
[ Verse 4. ]
အန္တိခရစ်၏ တပည့်ဝိညာဥ်၊ နေ့တိုင်းအစဥ် လွှတ်
လျက်ပြုပြင်၊ သို့ပြုသော်ငြား ချစ်သားတို့မှာ၊
စုံစမ်းခြင်းမှ၊ အားတိုးတက်ရ။
[ Chorus ]
ဘုရားရှင်ကို ချစ်သူဟူလို၊ ရွေးကောက်မူသော
သူတို့ ကျိုးကို ၊ ခပ်သိမ်းမှုရာ ပြုစုညီညာ၊
တည်ဆောက်ရာဟု ငါတို့-သိကြ။
197