ယုံကြည်ခြင်း ပတ္တနာ။
My Faith Looks Up to Thee.
[ Verse 1. ]
ကျွန်ုပ် ခိုလှုံအရှင်၊ ကယ်တင်ပိုင်သောသခင်၊
သနားတော်မူ၊ ကျွန်ုပ်၏ပတ္တနာ၊ အသံနာတော်မူ
ပါ။ အပြစ်လွှတ်အံ့သောငှာ၊ ကယ်ချွတ်တော်မူ။
[ Verse 2. ]
မေတ္တာတော်ကြီးသည်နည်း၊ ချစ်ခြင်းအားသန်ပါ
စေ။ ယေရှုဘုရား၊ ကိုယ်တော်ပြစ်ရှိသူကို ၊ လွန်၍
သနားသည်လို၊ ကျွန်ုပ်-ကိုယ်တော်အစိုး၊ဝန်ခံစေပါ။
[ Verse 3. ]
ဤလူ့ဘုံတွင်နေစဥ်၊ ဆင်းရဲတွေ့ကြုံရလျှင်၊
ကယ်မတော်မူ၊ မှောင်မိုက်ခြင်း လင်းစေပါ။
ပူပန်ခြင်းကင်းစေပါ။ ကိုယ်တော်နှင့်လျှင်းမကွာ၊ စောင့်ထိန်းတော်မူ။
[ Verse 4. ]
အသက်ဆုံးရသောခါ၊ သေခြင်းမြစ်ကမ်းရောက်
မှ ၊ ပို့ဆောင်တော်မူ၊ ကျေးဇူးမြတ် ကြောင့်သာ
လျှင်၊ စိုးရိမ်ခြင်းများနှင့်ကင်း၊ ရွှေပြည်တော်သူအဝင်၊ ဖြစ်စေတော်မူ။
144
