အံ့ဖွယ် သက်ရှင်စကား။
Wonderful Words of Life.
[ Verse 1. ]
ထပ်မံ သီချင်းဆိုကြပါဦး၊ အံ့ဖွယ်ကောင်းလှစကား၊
တိုး၍ နားလည်ချင်သေး လုံးစုံ၊ သက်ရှင်စေသော
စကား၊ ကောင်းလှ သက်ရှင်ရလေ၊ ယုံကြည်နား
ထောင်စေပေ။
[ Chorus ]
( ကောင်းလှ-စကား၊ အံ့ဖွယ်-စကား၊
အံ့ဖွယ်-သက်ရှင်-စကား ) ၂-ခါ။
[ Verse 2. ]
ခရစ်တော် အားလုံးခေါ်ဖိတ်သည်။ အံ့ဖွယ် ကောင်း
လှစကား၊ ပြစ်ရှိသူတို့ နားထောင်သင့်၏၊ သက်ရှင်
စေသော စကား ၊ ဖိုးမယူဘဲ ပေးဝေ၊ ကောင်းကင်
သွေးဆောင်ခေါ်လေ။
[ Chorus ]
( ကောင်းလှ-စကား၊ အံ့ဖွယ်-စကား၊
အံ့ဖွယ်-သက်ရှင်-စကား ) ၂-ခါ။
[ Verse 3. ]
ဝမ်းသာ သတင်းတော် ကြော်ငြာလေ၊ အံ့ဖွယ် ကောင်း
လှစကား၊ ပြစ်လွတ် ငြိမ်သက်နေခြင်းကိုပေး၊ သက်
ရှင်စေသော စကား၊ ယေရှုက ကယ်ချွတ်တင်၊
သန့်ရှင်းစေတော်မူရှင်။
[ Chorus ]
( ကောင်းလှ-စကား၊ အံ့ဖွယ်-စကား၊
အံ့ဖွယ်-သက်ရှင်-စကား ) ၂-ခါ။
63
