မင်္ဂလာဆောင်ခြင်း။
Marriage Hymm.
[ Verse 1. ]
သာယာသော ဧဒင် ဥယျာဥ်တော်တွင်၊
အာဒံသည် စောင့်ရှောက်ရှိနေစဥ်၊
ကိုယ်တော်နှင့် အသင်းတော် ဆက်ဆံနည်း၊
သူအား ခင်ပွန်း ပေးတော်မူသည်။
[ Chorus ]
ကာနမြို့၌ မင်္ဂလာဆောင်မှု၊
ကြည့်ရှု-ကြွမူ၊ အိုရှင်ယေရှု၊
ကောင်းချီးအများ သွန်းလောင်းအံ့ငှာ၊
ခု-ခါ၌လည်း၊ ကြွတော်မူပါ။
[ Verse 2. ]
အာဒံသည် မိန့်တော်ကို စောင့်ရှောက်သည်နည်း၊
ခု-တွင် ယောင်္ကျားကစောင့်ရသည်။
သို့စောင့်ရာတွင် ခင်ပွန်းကလည်း၊
ကူညီထောက်ပံ့ ရွက်ဆောင်ရမည်။
[ Chorus ]
ကာနမြို့၌ မင်္ဂလာဆောင်မှု၊
ကြည့်ရှု-ကြွမူ၊ အိုရှင်ယေရှု၊
ကောင်းချီးအများ သွန်းလောင်းအံ့ငှာ၊
ခု-ခါ၌လည်း၊ ကြွတော်မူပါ။
[ Verse 3. ]
မူတော်မြတ် ဖက်စပ်ရွက်ဆောင်ရာတွင်၊
ခင်ပွန်းချင်း တို့သည် လွန်ချစ်သင့်။
ချစ်ရှင်သည် ကြွရောက်တော်မူခါ၊
အားရခြင်းနှင့် အတူလိုက်ပါ။
[ Chorus ]
ကာနမြို့၌ မင်္ဂလာဆောင်မှု၊
ကြည့်ရှု-ကြွမူ၊ အိုရှင်ယေရှု၊
ကောင်းချီးအများ သွန်းလောင်းအံ့ငှာ၊
ခု-ခါ၌လည်း၊ ကြွတော်မူပါ။
183
