ထမြောက်တော်မူခြင်း။
Christ the lord is risen today.
[ Verse 1. ]
ယေရှု ထမြောက်ပြီ ယနေ့၊ ဟာလေ-လုယာ။
သာယာစွာ ရွှင်လန်းကြစေ၊ ဟာလေ-လုယာ။
သစ်တိုင်၌ သက်စွန့်ခြင်းဖြင့်၊ ဟာလေ-လုယာ။
ကျွန်ုပ်တို့ ပြစ်ကင်း လွှတ်ဖယ်ရှင်း၊
ဟာလေ-လုယာ။
[ Verse 2. ]
ကောင်းကင် ရှင်ဘုရင်မြတ်ကို၊ ဟာလေ-လုယာ။
ချီးမွမ်း ထောမနာပြုစို့၊ ဟာလေ-လုယာ။
သစ်တိုင်ပေါ်တွင် ခံသည်မှာ၊ ဟာလေ-လုယာ။
ပြစ်ရှိသူတို့ လွှတ်ခြင်းငှာ၊ ဟာလေ-လုယာ။
[ Verse 3. ]
ဒုက္ခခံတော်မူခြင်းဖြင့်၊ ဟာလေ-လုယာ။
ကျွန်ုပ်တို့ကို ကယ်တင်ပြီ၊ ဟာလေ-လုယာ။
ကောင်းကင်၌ အစဥ်အုပ်စိုး၊ ဟာလေ-လုယာ။
ကောင်းကင်သား အမြဲသီဆို၊ ဟာလေ-လုယာ။
47
