လမ်းတစ်လျှောက်လုံး။
All the Way.
[ Verse 1. ]
ကယ်တင်ရှင် ငါ့ကိုလမ်းပြသည်။ ဘယ်တောင့်
တရန် ရှိသနည်း။ ငါ့ကိုလမ်းပြတော်မူရှင်အား၊
ယုံမှားခြင်း ရှိရမည်လား။ ဤဘဝ အသက်ရှင်
သည်တွင်၊ စုံစမ်းခြင်း မျိုးမျိုးတို့ဝင်၊
(ဖိစီးနှိပ်စက် လာသောအခါ၊
ကိုယ်တော် စီရင်တိုင်းဖြစ်ပါ)၂-ခါ။
[ Verse 2. ]
ကယ်တင်ရှင် ငါ့ကိုလမ်းပြစဥ်၊ ထောက်မအား
ပေးလျက်နှင့်ပင်။ စုံစမ်းခြင်းကို ခံနိုင်ဖို့ရာ၊
ကျွေးတော်မူ အသက်မုန့်မှာ၊ ခွန်အားပြည့်
လျှက်၊ မောပန်းခြင်းကင်း၊ သောက်လျက်နေ၊
သက်စမ်းရေတွင်း၊ (ပလ္လင်တော်ရှေ့မှ ထွက်စီး
လေ၊ ဝမ်းမြောက်ခြင်း စမ်းရေမြင်ပေ)၂-ခါ။
[ Verse 3. ]
ကယ်တင်ရှင် ငါ့ကိုလမ်းပြသည်၊ ကိုယ်တော်
ချစ်ခြင်း အံ့ဖွယ်တည်း။ ထက်အဖ အိမ်တော်
တွင်ငြိမ်းစွာ၊ နေစိမ့်ငှာ၊ ကတိတော်ထား။
ငါ့ဝိညာဥ် အတောင်ကို ဖြန့်လျက်၊ ထွန်း
တောက် ကောင်းကင်သို့ပျံတက်။ (ထိုအခါစဥ်
သီချင်းဆိုမည်၊ ယေရှု ငါ့ကို လမ်းပြပြီ)၂-ခါ။
123
