ကိုယ်တော်ကိုသာ၍ ချစ်ခြင်းကျူး။
More Love to Thee.
[ Verse 1. ]
ကိုယ်တော်ကို ချစ်နိုင်မည်၊ ခရစ်တော်နှင့်။
စိတ်-ပါလျက်နှင့် တောင်းသည်၊ နားညောင်း
သခင်။ဤပတ္တနာမပြတ်၊ အစဥ်လျှောက်မည်၊
ရှင်မြတ်၊ ကိုယ်တော်ကိုသာ၊ ချစ်စေမူပါ။
[ Verse 2. ]
လောကီ ပျော်မွေ့ခြင်းသာ၊ အထက်ကိုလေ၊
ခန္ဓာ-အကျိုးကိုရှာ၊ ဝိညာဥ်ကိုမေ့။
ယခု-ထိုသို့ မဟုတ်၊ အပြစ်ရွံရှာစက်ဆုပ်၊
ကိုယ်တော်ကိုသာ ချစ်စေမူပါ။
[ Verse 3. ]
ဒုက္ခ-ခံစေလျှင်လည်း၊ မညည်းမတွား၊
အလိုတော်နှင့် အညီ၊ ဖြစ်စေမြတ်စွာ၊
ထိုဒုက္ခအားဖြင့်လည်း၊ အကျိုးတိုးပွားနိုင်မည်၊
ကိုယ်တော်ကိုသာ ချစ်စေမူပါ။
[ Verse 4. ]
ထိုသို့ပြုပြင်မူလျှင်၊ မြတ်စွားဘုရား၊ နောက်ဆုံး
ရှုလျက်သာညှင်း၊ ဝမ်းမြောက်အားရ၊
ဘဝပြောင်းစဥ်တွင်ပင်၊ ဆုတောင်းဦးမည်
ပျော်ရွှင်၊ ကိုယ်တော်ကိုသာ၊ ချစ်စေမူပါ။
103
