ယေရှုဖို့သင်၌နေရာရှိသလား။
Have you anyroom for Jesus?
[ Verse 1. ]
သင့် ပြစ်ဝန်ထုပ်ခံသော အရှင်၊ နေရန်အရပ်
ရှိသလား။ ခေါက်လျက် ဝင်ရန် ခွင့်တောင်းနေ
စဥ်၊ ပြစ်ရှိသူ လက်ခံမည်လား။
[ Chorus ]
ဘုန်းကြီးဘုရင် ယေရှုရှင်ဖို့၊ နေရန် အခန်းခု
ပြင်လေ။ စိတ်နှလုံး တံခါးကျယ်စွာဖွင့်၊
ချန်ရှိစဥ် ဝင်ရန် တောင်းပန်။
[ Verse 2. ]
ပျော်ပါးခြင်းနှင့် စီးပွားရေးသာ၊
သင့်စိတ်တွင် နေရာရှိပေ၊
သင့်တွက် သေခံရှင် သခင်အား၊
နေရာ သင်သည် ဖွင့်မပေး။
[ Chorus ]
ဘုန်းကြီးဘုရင် ယေရှုရှင်ဖို့၊ နေရန် အခန်းခု
ပြင်လေ။ စိတ်နှလုံး တံခါးကျယ်စွာဖွင့်၊
ချန်ရှိစဥ် ဝင်ရန် တောင်းပန်။
[ Verse 3. ]
ကျေးဇူးတော်နှင့် ခေါ်ဖိတ်စဥ်ခါ ၊ ယေရှုဖို့ ချိန်
ရှိသလား။ ယနေ့ လက်ခံရာနေ့ ဖြစ်ပါ၊
နက်ဖြန်တိုင်အောင် မဆိုင်းရာ။
[ Chorus ]
ဘုန်းကြီးဘုရင် ယေရှုရှင်ဖို့၊ နေရန် အခန်းခု
ပြင်လေ။ စိတ်နှလုံး တံခါးကျယ်စွာဖွင့်၊
ချန်ရှိစဥ် ဝင်ရန် တောင်းပန်။
[ Verse 4. ]
ကျေးဇူးတော်နေ့ လွန်မသွားခင်၊ နေရာအချိန်
ကိုဆက်သ၊ မကြာခင် သင့်-စိတ်ခိုင်မာလျှင်၊
တောင်းပန်သံကို သင်မကြား။
[ Chorus ]
ဘုန်းကြီးဘုရင် ယေရှုရှင်ဖို့၊ နေရန် အခန်းခု
ပြင်လေ။ စိတ်နှလုံး တံခါးကျယ်စွာဖွင့်၊
ချန်ရှိစဥ် ဝင်ရန် တောင်းပန်။
73
