ယေရှုထံသို့ လာခြင်း။
I Am Coming to the Cross.
[ Verse 1. ]
ကားတိုင်သို့ ကျွန်ုပ်လာသည်၊ ဆင်းရဲမျက်စိကန်း၊
နွမ်းပါး။ ကောင်းမှုများ အလျှင်းမရှိ၊
ကယ်တင်ခြင်း မှန်တွေ့နိုင်ရာ။
[ Chorus ]
မင်္ဂလာရှိ၊ သိုးသငယ်၊ ကိုယ်တော်ကို ကျွန်ုပ်
ကိုးစား၊ ရိုသေစွာ ဦးညွှတ်မှီဝဲ၊ ယေရှု၊
ခု-ကယ်တော်မူပါ။
[ Verse 2. ]
ကြာကြာ ကျွန်ုပ် ဆိုးအားကြီး ၊ ကိုယ်တော်ကို
ကျွန်ုပ်အောက်မေ့၊ ယေရှု ချိုသံကြားပါပြီ၊
သင့်အပြစ်၊ ငါ့သွေးနှင့်ဆေး။
[ Chorus ]
မင်္ဂလာရှိ၊ သိုးသငယ်၊ ကိုယ်တော်ကို ကျွန်ုပ်
ကိုးစား၊ ရိုသေစွာ ဦးညွှတ်မှီဝဲ၊ ယေရှု၊
ခု-ကယ်တော်မူပါ။
[ Verse 3. ]
ကိုယ်တော်သည် အပိုင်ယူဖို့၊ မိတ်ဆွေများ အချိန်
ဥစ္စာ။ နာမ်ဝိညာဥ်၊ ကိုယ်ခန္ဓာကို၊ အားလုံး
ဆက်ကပ်ပူဇော်ပါ။
[ Chorus ]
မင်္ဂလာရှိ၊ သိုးသငယ်၊ ကိုယ်တော်ကို ကျွန်ုပ်
ကိုးစား၊ ရိုသေစွာ ဦးညွှတ်မှီဝဲ၊ ယေရှု၊
ခု-ကယ်တော်မူပါ။
[ Verse 4. ]
ကိုယ်တော်၏ ကတိယုံကြည်၊ သွေးတော်သွန်း
အကျိုးဆက်ဆံ။ စိတ်နှလုံးနှိမ့်ချပါပြီ၊ ယေရှုနှင့်
သေခြင်းကိုခံ။
[ Chorus ]
မင်္ဂလာရှိ၊ သိုးသငယ်၊ ကိုယ်တော်ကို ကျွန်ုပ်
ကိုးစား၊ ရိုသေစွာ ဦးညွှတ်မှီဝဲ၊ ယေရှု၊
ခု-ကယ်တော်မူပါ။
[ Verse 5. ]
ရောဂါမျိုး လုံးစုံကင်းရှင်း၊ ကျွန်ုပ်ကို စုံလင်စေ၍၊
ကြွလာပြီ၊ ကျွန်ုပ်သခင်၊ ကိုယ်တော်၌
ဘုန်းရှိပါစေ။
[ Chorus ]
မင်္ဂလာရှိ၊ သိုးသငယ်၊ ကိုယ်တော်ကို ကျွန်ုပ်
ကိုးစား၊ ရိုသေစွာ ဦးညွှတ်မှီဝဲ၊ ယေရှု၊
ခု-ကယ်တော်မူပါ။
86
