သာ၍နီးစေပါ။
Draw Me Nearer.
[ Verse 1. ]
ခေါ်တော်မူသံကို ကျွန်ုပ်ကြားရပြီ၊ ကိုယ်တော်ချစ်
ကြောင်းကို သိသည်၊ ယုံကြည်ခြင်းဖြင့်၊ ကိုယ်တော်
မြတ်ထံပျံတက်၊ ခြေတော်ရင်းမှာ နေလိုသည်။
[ Chorus ]
ကိုယ်တော်-သေခံ၊ ကားတိုင်တော်-နားသို့၊
ကျွန်ုပ်-သာ၍ နီးစေပါ။ သာ၍နီးစေ၊ နီးစေ၊
နီးစေတော်မူလို။ နီးစေပါ၊ ကိုယ်တော်-အပါး။
[ Verse 2. ]
ကိုယ်တော်မြတ်ရှေ့တွင်၊ ဆုတောင်းရခြင်းခွင့်၊ ပလ္လင်
တော်နား၊ ချဥ်းကပ်ရာ၊ မိတ်ဆွေချင်းကဲ့သို့၊ တောင်း
ပန်ပြောဆိုခြင်း၊ ထူးလျှင် ကျွန်ုပ်-နှစ်သက်လှ။
[ Chorus ]
ကိုယ်တော်-သေခံ၊ ကားတိုင်တော်-နားသို့၊
ကျွန်ုပ်-သာ၍ နီးစေပါ။ သာ၍နီးစေ၊ နီးစေ၊
နီးစေတော်မူလို။ နီးစေပါ၊ ကိုယ်တော်-အပါး။
[ Verse 4. ]
နက်နဲလှ ချစ်ခြင်း ကျွန်ုပ် သိနိုင်မည်။ သေခြင်းမြစ်
ကို ကူးပြီးမှ၊ မြင့်လှသော ဝမ်းမြောက်ခြင်း၊ ကျွန်ုပ်မှီ
မည်၊ ချမ်းသာဘုံ၊ ဝင်စာစးသောခါ။
[ Chorus ]
ကိုယ်တော်-သေခံ၊ ကားတိုင်တော်-နားသို့၊
ကျွန်ုပ်-သာ၍ နီးစေပါ။ သာ၍နီးစေ၊ နီးစေ၊
နီးစေတော်မူလို။ နီးစေပါ၊ ကိုယ်တော်-အပါး။
140
