မညည်းဘဲ စောင့်နေ။
Wait,and Murmur Not.
[ Verse 1. ]
ပြောင်းလဲခြင်း ကင်းသော အိမ်တော်မှာ၊ ဝမ်းနည်း
ပူပန်ဒုက္ခမရှိ။ ထိုအိမ်တော်မြတ်၊ တောက်ပသာယာ၊
ဘယ်သူ မရောက်-လိုပါသနည်း။
[ Chorus ]
(စောင့်နေ၊သည်းခံ-မညည်းဘဲ၊
စောင့်နေ)၂-ခါ။ စောင့်နေ၊စောင့်နေ။
မညည်းဘဲ၊ စောင့်၍နေ။
[ Verse 2. ]
လောက ဝန်ထုပ်လေးလှသော်လည်း၊
သင်သည် ထက်ကောင်းကင် အိမ်သာယာ၊
ရောက်ချင်လှ၍ မျှော်လင့်တောင့်တ၊
ညည်းခံ၊ မညည်းဘဲစောင့်နေပါ။
[ Chorus ]
(စောင့်နေ၊သည်းခံ-မညည်းဘဲ၊
စောင့်နေ)၂-ခါ။ စောင့်နေ၊စောင့်နေ။
မညည်းဘဲ၊ စောင့်၍နေ။
[ Verse 3. ]
သွားရာခရီးမှာ ဆူးတွေ့လျှင်၊
ဆူးဦးရစ် ဆောင်းသူ အောက်မေ့ပါ။
သင့်စိတ် ဝမ်းနည်းခြင်း ဖုံးလွှမ်းလျှင်၊
ကိုယ်တော် ဝမ်းနည်းခြင်း အောက်မေ့ပါ။
[ Chorus ]
(စောင့်နေ၊သည်းခံ-မညည်းဘဲ၊
စောင့်နေ)၂-ခါ။ စောင့်နေ၊စောင့်နေ။
မညည်းဘဲ၊ စောင့်၍နေ။
[ Verse 4. ]
ပင်ပန်းသော်လည်း၊ လုပ်ဆောင်ပါလော့၊
တောင်းတိုင်းမရ၊ စိတ်မပျက်ရာ၊
ငြိမ်ဝပ်စွာနေရန် နေ့ရောက်မည်၊
သည်းခံ မညည်းဘဲ စောင့်နေပါ။
[ Chorus ]
(စောင့်နေ၊သည်းခံ-မညည်းဘဲ၊
စောင့်နေ)၂-ခါ။ စောင့်နေ၊စောင့်နေ။
မညည်းဘဲ၊ စောင့်၍နေ။
114
