လွန်မသွားပါနှင့်။
Pass Me Not!
[ Verse 1. ]
ကယ်တင်ရှင်၊ လွန်မသွားပါနှင့်။
ကျွန်ုပ်-လျှောက်ပါ၏။ ခြားသောသူနှင့်
စိတ်တော်တွေ့လျှင်၊ လွန်-မသွားပါနှင့်။
[ Chorus ]
ယေရှု၊ ယေရှု၊ ကျွန်ုပ်ခေါ်ပါ၏၊
ခြား-သောသူကို ခေါ်၍နေစဥ်၊
လွန်-မသွားပါနှင့်။
[ Verse 2. ]
ကရုဏ-ပလ္လင်တော်ရင်းမှာ၊
ငြိမ်သက်ခြင်း ပေးပါ။နောင်တ-စိတ်နှင့်
ဒူး-ထောက်နေစဥ်၊ မယုံခြင်း-ကယ်မ။
[ Chorus ]
ယေရှု၊ ယေရှု၊ ကျွန်ုပ်ခေါ်ပါ၏၊
ခြား-သောသူကို ခေါ်၍နေစဥ်၊
လွန်-မသွားပါနှင့်။
[ Verse 3. ]
ကုသိုလ်တော်ကိုသာ ယုံကြည်လျက်၊
မျက်နှာတော်ရှာမည်။ကြေမွ-ဝိညာဥ်၊
ကျန်းမာစေပါ။ ကျေးဇူးဖြင့်၊ ကယ်မ။
[ Chorus ]
ယေရှု၊ ယေရှု၊ ကျွန်ုပ်ခေါ်ပါ၏၊
ခြား-သောသူကို ခေါ်၍နေစဥ်၊
လွန်-မသွားပါနှင့်။
[ Verse 4. ]
သက်သာခြင်း၊ ကိုယ်တော်ရှင်-မြတ်မှာ၊
သက်ထက်-ဖိုးထိုက်လှ၊ ကိုယ်တော်အပြင်၊
အောက်ရပ်ကောင်းကင်၊ ကျွန်ုပ်-တွင် မရှိ။
[ Chorus ]
ယေရှု၊ ယေရှု၊ ကျွန်ုပ်ခေါ်ပါ၏၊
ခြား-သောသူကို ခေါ်၍နေစဥ်၊
လွန်-မသွားပါနှင့်။
106
