ကရာနီကုန်းပေါ် သွန်းသော။
I Hear Thy Welcome Voice.
[ Verse 1. ]
ကရာနီ၊ ကုန်းပေါ် သွန်းသော၊ သွေးတော်ဖြင့်
ဆေးကြောရန်၊ ကိုယ်တော်မြတ်ထံသို့
ခေါ် သော၊ သံတော် ကျွန်ုပ်ကြားရ။
[ Chorus ]
ကိုယ်တော် ထံလာသည်၊ ယခု ပင်လာပြီ။
သွန်းတော်မူသော သွေးတော်ဖြင့်၊
ဆေးကြော၊ စင်ကြယ်စေပါ။
[ Verse 2. ]
အားနည်း ယုတ်ညံ့သော်လည်း၊ ကိုယ်တော်
အားတိုးစေပါ၊ ကိုယ်တော် ကျွန်ုပ်ပြစ်ဆေး
ကြောသည်၊ ဖြူစင်အောင် ပြုပါလေ။
[ Chorus ]
ကိုယ်တော် ထံလာသည်၊ ယခု ပင်လာပြီ။
သွန်းတော်မူသော သွေးတော်ဖြင့်၊
ဆေးကြော၊ စင်ကြယ်စေပါ။
[ Verse 3. ]
ယေရှုရှင်၊ ကိုယ်တော်သာ၊ ပြုပြင်စောင့်မ
မူပေ၊ ကျေးဇူးတော်တစ်ပါးမှ တစ်ပါး၊
ထပ်ဆင့်၊ ပေးတော်မူလေ။
[ Chorus ]
ကိုယ်တော် ထံလာသည်၊ ယခု ပင်လာပြီ။
သွန်းတော်မူသော သွေးတော်ဖြင့်၊
ဆေးကြော၊ စင်ကြယ်စေပါ။
[ Verse 4. ]
ယုံကြည်၊ ချစ်ခင်သူကို ၊ ဝိညာဥ်သက်သေ
တော်ပေး၊ ကတိတော်မြတ် ပြည့်စုံစေဖို့၊
ယုံကြည်ခြင်းသာ ကုသိုလ်။
[ Chorus ]
ကိုယ်တော် ထံလာသည်၊ ယခု ပင်လာပြီ။
သွန်းတော်မူသော သွေးတော်ဖြင့်၊
ဆေးကြော၊ စင်ကြယ်စေပါ။
84
