နာမည် ခေါ်သောခါ။
When the Roll is Called Up.
[ Verse 1. ]
ကိုယ်တော်ရှင်မြတ် ကြွလာသောခါ၊ ကောင်းကင်မှ
တံပိုးမှုတ်မည်။ ထာဝရထွန်းတောက်လှသောနံနက်
ချိန်တွင်၊ ကမ်းတစ်ဘက်မှ စုရုံးကြမည်၊ ကယ်ချွတ်
ခြင်း ခံရသူများ။ နာမည်ခေါ်သောခါ၊ ကျွန်ုပ်လည်း ရှိလိမ့်မည်။
[ Chorus ]
(ထက်ရပ်မှာ၊ နာမည်ခေါ်သောခါ) ၃-ခါ။
နာမည်ခေါ်သောခါ၊ ကျွန်ုပ်လည်း ရှိလိမ့်မည်။
[ Verse 2. ]
ခရစ်တော်၌ သေလွန်သူများ၊ ထိုနံနက်၌ ထမြောက်
မည်၊ ဘုန်းရှိသော ကိုယ်ခန္ဓာ အားဖြင့်၊ ထမြောက်
မည်၊ ရွေးကောက်ခြင်း ခံရသောသူများ စုရုံးကြမည်
အိမ်တော်တွင်၊ နာမည်ခေါ်သောခါ၊ ကျွန်ုပ်လည်းရှိလိမ့်မည်။
[ Chorus ]
(ထက်ရပ်မှာ၊ နာမည်ခေါ်သောခါ) ၃-ခါ။
နာမည်ခေါ်သောခါ၊ ကျွန်ုပ်လည်း ရှိလိမ့်မည်။
[ Verse 3. ]
အရုဏ်တက်သည့် ကာလတိုင်အောင်၊ မှုတော်ကို
ဆောင်ရွက်ကြစို့၊ အံ့ဖွယ်သော မေတ္တာတော်မြတ်
ကိုပြောကြစို့၊ မှုတော်မြတ်ကို ဆောင်ရွက် ပြီး၍၊
အသက်တာများကုန်လွန်လျှင်၊ နာမည်ခေါ်သောခါ၊ ကျွန်ုပ်လည်း ရှိလိမ့်မည်။
[ Chorus ]
(ထက်ရပ်မှာ၊ နာမည်ခေါ်သောခါ) ၃-ခါ။
နာမည်ခေါ်သောခါ၊ ကျွန်ုပ်လည်း ရှိလိမ့်မည်။
53
