မှုတော်ဆောင်ရွက်ကျူး။
To the Work.
[ Verse 1. ]
ကိုယ်တော်မြတ်လျှောက်သွားသော လမ်းတော်မြတ်
ကို လျှောက်လိုက်၊ ဘုရားသခင်၏ အမှုတော်မြတ်
ဆောင်ရွက်စို့၊ အမိန့်တော်မြတ်ကိုနားထောင်လျက်
အားယူကြကုန်၊ တွေ့သမျှအမှုကို အားထုတ်လျက်ဆောင်ရွက်စို့။
[ Chorus ]
(လုပ်ဆောင်လျက်)၄-ခါ။ မျှော်လင့်လျက်၊
စောင့်ရှောက်လျက်၊ သခင်- လာသည့်တိုင်
အောင် လုပ်ဆောင်။
[ Verse 2. ]
ဆာငတ်မွတ်သိပ်သောသူတို့ကိုလုပ်ဆောင်ကျွေးမွေး
မောပန်းသူတို့ကို သက်စမ်းရေပေါက်သို့ ပို့ဆောင်။
တိုင်တော်နှင့် အလံတော် ငါတို့ ဝါကြွားရာပေ၊
ကယ်တင်ခြင်း ဖိုးမပေးပဲရကြောင်းမြွက်ဆိုအောင်။
[ Chorus ]
(လုပ်ဆောင်လျက်)၄-ခါ။ မျှော်လင့်လျက်၊
စောင့်ရှောက်လျက်၊ သခင်- လာသည့်တိုင်
အောင် လုပ်ဆောင်။
[ Verse 3. ]
မှားယွင်းပျက်စီးခြင်း၊ စိစ္ဆာမှောင်မိုက်နိုင်ငံတွင်၊
လူမျိုးပေါင်းတို့ဆောင်ရွက်ရန် အလုပ်ရှိပေသည်။
ဘုန်းကြီးတော်မူဘုရင် နာမတော်ချီးမြှောက်စဥ်၊
ကယ်တင်ခြင်းဖိုးမပေးဘဲရကြောင်း မြွတ်ဆိုမည်။
[ Chorus ]
(လုပ်ဆောင်လျက်)၄-ခါ။ မျှော်လင့်လျက်၊
စောင့်ရှောက်လျက်၊ သခင်- လာသည့်တိုင်
အောင် လုပ်ဆောင်။
[ Verse 4. ]
ကိုယ်တော်မြတ်အား ပေးတော်မူခြင်းဖြင့် နောက်
ဆုံး၌-ဝတ်လုံဖြူစင်၊ သရဖူကို ပေးတော်မူမည်။
ဖြောင့်မတ်သူများတို့နှင့် စိုးစံရသောအခါ၊
ကယ်တင်ခြင်း ဖိုးမပေးဘဲရကြောင်း ကြော်ငြာမည်။
[ Chorus ]
(လုပ်ဆောင်လျက်)၄-ခါ။ မျှော်လင့်လျက်၊
စောင့်ရှောက်လျက်၊ သခင်- လာသည့်တိုင်
အောင် လုပ်ဆောင်။
94
