ချစ်သနား၏။ ယေရှုဘုရား။
Jesus,Lover of My Soul.
[ Verse 1. ]
ချစ်သနားယေရှုဘုရား၊ ရင်ခွင်၌ မှီခိုပါစေ။ပြင်းစွာ
သော မုန်တိုင်းကျလာ၊ လှိုင်းတံပိုးထအားကြီးလေ၊
ဤဘဝမုန်တိုင်းလွန်အောင်၊ လက်တော်ဖြင့်၊ ကွယ်
ကာအုပ်ထား၊ ကောင်းကင် အိမ်တော်တွင်း တိုင်
အောင်၊ ဘေးလွတ်မဲ့ ပို့ဆိုက်စေပါ။
[ Verse 2. ]
ကိုးကွယ်ခိုရာခြားမမြင်၊ ကိုယ်တော်၌သာမှီတွယ်ရာ၊
စွန့်ပယ်၊ အို-မစွန့်ပယ်နှင့်၊ ထောက်မအားပေးတော်
မူပါ။ ကိုယ်တော်ကိုသာ ကိုးစားလျှင်၊ ကိုယ်တော်ကို
မျှော်လင့်နေရာ၊ ကိုယ်တော်၏ အတောင်တော်ဖြင့်၊
ကျွန်ုပ် ခေါင်း၊ ဖုံးအုပ် ပေးပါ။
[ Verse 3. ]
အို-ခရစ် လိုလေသမျှ ၊ ကိုယ်တော်၌ ကြွယ်ဝ စွာရှိ၊
လဲသူချီ၊ နွမ်းသူထောက်မ၊ နာသူ၊ ကန်းသူချမ်းသာ၏။
ကိုယ်တော်ဖြောင့်မတ်၊ သန့်ရှင်းသည်။ ကျွန်ုပ်မှာအ
ပြစ်လျှင်သာ၊ ကျေးဇူး၊ ဂုဏ်တော်စုံလင်၏။
ကျွန်ုပ် စက်ဆုပ်၊ ရွံ့ရှာဖွယ်ရာ။
[ Verse 4. ]
ကြွယ်ဝသော ကျေးဇူးတော်ဖြင့်၊ များစွာသောအပြစ်
ဖြေရာ၊ မေတ္တာရေ များစွာနှင့်ပင်၊ ဆေးကြောစင်
ကြယ်စေမူပါ။ကိုယ်တော်သာ အသက်သခင်၊ ကိုယ်
တော်က သက်ရေတိုက်ကျွေး၊ ကျွန်ုပ်စိတ် အတွင်း၌
ပင်၊ ထာဝရစမ်းရေ ပေါက်စေ။
133
