ခဏကြာလျှင် ပြည့်စုံလိမ့်မည်။
Presently our hope will be fulfilled.
[ Verse 1. ]
ခဏကြာလျှင် ပြည့်စုံလိမ့်မည်။ ကျွန်ုပ်တို့၏ မျှော်လင့်ခြင်း၊
စင်စစ်ကိုယ်တော် ဂတိတော်သည်၊ ရှိပြီမပျက်မယွင်း၊ အ
လိုတော်ကို ဆောင်ရွက်ပြီးမှ၊ ဆုတော်ထိုက်သက်ရအောင်၊
သည်းခံခြင်းစိတ်နှင့် စောင့်နေရာ၊ သတိ-မလစ်ဟင်းကောင်း။
[ Chorus ]
အိုလာသခင်၊ လျင်စွာကြွလာ၊ ဘုန်းဝင်စား
စိမ်းသောငှာ၊ ကိုယ်တော်-ကျွန်တို့ အလွန်တ
မျှော်၊ ခု-ကြွလာပါစေ၊ ကြွေးကြော်။
[ Verse 2. ]
မကြာမြင့်မီ၊ ကြွလာမူမည်၊ လူတိုင်း မဆိုင်းမလင့်၊ ဝမ်း
မြောက်လျက်ပင်စောင့်မျှော်သင့်သည်။ ခန္ဓာ၏ရွေးနှုတ်ခြင်း
သခင်ကိုယ်တော် ကြွလာမူလျှင်၊ ကိုယ်တော့်သန်းရှင်းသူများ
တူကြလိမ့်မည် သဏ္ဍာန်တော်နှင့်၊ စံရမည်-အိမ်တော်မှာ။
[ Chorus ]
အိုလာသခင်၊ လျင်စွာကြွလာ၊ ဘုန်းဝင်စား
စိမ်းသောငှာ၊ ကိုယ်တော်-ကျွန်တို့ အလွန်တ
မျှော်၊ ခု-ကြွလာပါစေ၊ ကြွေးကြော်။
[ Verse 3. ]
ငါသည် လျက်မြန်ပြန်လာဦးမည်၊ကတိချက်ရှိလျက်နှင့်၊
ကြည့်ရှုမျက်မှောက် မပြုသူသည်။ မရှိပြီမျှော်လင့်ခြင်း၊
ကပ်ကာလသည် ကုန်ခါနီးတွင်၊ တိုးတက်ဆိုးလျက်ရှိ
သည်။ ငြိမ်သက်ခြင်းကိုခုခါတွင်ပင်၊ မတွေ့မမြင်နိုင်ပြီ။
[ Chorus ]
အိုလာသခင်၊ လျင်စွာကြွလာ၊ ဘုန်းဝင်စား
စိမ်းသောငှာ၊ ကိုယ်တော်-ကျွန်တို့ အလွန်တ
မျှော်၊ ခု-ကြွလာပါစေ၊ ကြွေးကြော်။
[ Verse 4. ]
ခဏကြာသော်၊ ထွန်းပေါ်မူမည်။ ခေါ်တော်သံနားထောင်
နေ၊ မိုဃ်းမြေရှင်သည် ဆင်းသက်လုပြီ၊ ဖူးမြင်ရန်-သင့်
ပြင်လေ၊ ခင်းကျင်းပြီးသော ကျွန်တို့အဖို့၊ နေရာထက်ဘုံ
ပေါ်မှာ၊ ဝင်စားကြရန်အထံတော်သို့၊ ပို့မည်သခင်ဘုရား။
[ Chorus ]
အိုလာသခင်၊ လျင်စွာကြွလာ၊ ဘုန်းဝင်စား
စိမ်းသောငှာ၊ ကိုယ်တော်-ကျွန်တို့ အလွန်တ
မျှော်၊ ခု-ကြွလာပါစေ၊ ကြွေးကြော်။
177
