မိုဃ်းတိမ်များ လွင့်သွားသောခါ။
When the Mists Have Rolled Away.
[ Verse 1. ]
တင့်တယ်လှသော တောင်ထိပ်ပေါ်မှာ ၊ မိုဃ်းတိမ်များ
လွင့်သွားသောခါ၊ နေ-ရောင်ခြည်ရှိန်၊ ထွန်းလင်း
တောက်ပ၊ စမ်းရေချောင်းငယ်များ ပေါ်ကျ၊ သက်တံ့
အလင်း၊ ရောင်ခြည်တော်က ချစ်ခြင်းမေတ္တာစာဖတ်
ရ၊ တွေ့ကြုံမည် ငါတို့နောင်ကာလ၊ မိုးတိမ်များ လွင့်သွားသောခါ။
[ Chorus ]
ငါတို့သည် ၊ ဆုံတွေ့လိမ့်မည်။ မြေကြီးပေါ်၊ တွေ့
ကြုံသည်နည်း။ မိုးလင်းအာရုဏ်တက်သောကာ
လ၊ မိုဃ်းတိမ်များ လွင့်သွားသောခါ၊ ငါတို့သည်
ဆုံတွေ့ကြလိမ့်မည်။ မြေကြီးပေါ် တွေ့ကြုံသည်နည်း။
[ Verse 2. ]
လူ၏မိုက်မဲခြင်းတွင် ပြစ်မှား၊ မြေကြီးသားဖြစ်ကြောင့်
မေ့သွား၊ ဖြောင့်မတ်ရာကို ကြိုးစားလိုက်ရာ၊ မေတ္တာ
တရားကိုစွန့်ထား၊ ငြိမ်သက်ခြင်း မိုဃ်းပွင့်အတောင်
သည်၊ ငါတို့ကို ကွယ်ကာမူမည်။ စောင့်ရန်အချိန်လွန်
သွားကာက၊ မိုးတိမ်များ လွင့်သွားသောခါ။
[ Chorus ]
ငါတို့သည် ၊ ဆုံတွေ့လိမ့်မည်။ မြေကြီးပေါ်၊ တွေ့
ကြုံသည်နည်း။ မိုးလင်းအာရုဏ်တက်သောကာ
လ၊ မိုဃ်းတိမ်များ လွင့်သွားသောခါ၊ ငါတို့သည်
ဆုံတွေ့ကြလိမ့်မည်။ မြေကြီးပေါ် တွေ့ကြုံသည်နည်း။
[ Verse 3. ]
မိုဃ်းတိမ်များငါတို့အပေါ်မှ၊ လွင့်သွားရကြသောအခါ၊
ချစ်သူများနှင့် မျက်နှာချင်းဆိုင်၊ ယုံသူတိုင်း တွေ့စုံ
လိမ့်မည်။ မှောင်မိုက်ဖုံးလွှမ်း မြစ်တစ်ဘက်မှာ၊ နေ
အလင်းအရုဏ်တက်လာ၊ အံ့ဖွယ်အလင်းငါတို့မြင်ရ၊
မိုဃ်းတိမ်များ၊ လွင့်သွားသောခါ။
[ Chorus ]
ငါတို့သည် ၊ ဆုံတွေ့လိမ့်မည်။ မြေကြီးပေါ်၊ တွေ့
ကြုံသည်နည်း။ မိုးလင်းအာရုဏ်တက်သောကာ
လ၊ မိုဃ်းတိမ်များ လွင့်သွားသောခါ၊ ငါတို့သည်
ဆုံတွေ့ကြလိမ့်မည်။ မြေကြီးပေါ် တွေ့ကြုံသည်နည်း။
164