လာကြပါ၊ တပည့်တော်များ။
Oh Come, All Ye Faithful.
[ Verse 1. ]
ရွှင်လန်း-ဝမ်းမြောက်ဝမ်းသာ၊ သစ္စာစောင့်-သူများ
လာ၊ ဗက်လင်မြို့တော်သို့ အားလုံး-သွားကြကုန်စို့။
ကောင်းကင်ဘုရင်၊ သား-တော်ရှင်ကို ဖူးမြင်ဖို့၊
[ Chorus ]
(လာကြ၊ ကိုးကွယ်-ကြကုန်အံ့)၂။
ခရစ်တော်ရှင် သခင်ကို ကိုးကွယ်ကြကုန်အံ့။
[ Verse 2. ]
အပျို ကညာဝမ်းမှ၊ ဖွားမြင်သော ရှင်ယေရှု၊ လူ့ဇာတိ
အဖြစ်၊ ခံယူ-တော်မူသော်လည်း၊
မုချ ဘုရားရှင်၊ လောက၏ အလင်းတည်း။
[ Chorus ]
(လာကြ၊ ကိုးကွယ်-ကြကုန်အံ့)၂။
ခရစ်တော်ရှင် သခင်ကို ကိုးကွယ်ကြကုန်အံ့။
[ Verse 3. ]
ကောင်းကင်တမန်-များတို့၊ ဝမ်းသာစွာ သီချင်းဆို၊
ထက်ကောင်းကင်-သားများ၊ သီချင်း-ကျူးဧကြပါ၊
ထက်ကောင်းကင်ဘုရား၊ ဘုန်းတော်ကြီးပါစေသား။
[ Chorus ]
(လာကြ၊ ကိုးကွယ်-ကြကုန်အံ့)၂။
ခရစ်တော်ရှင် သခင်ကို ကိုးကွယ်ကြကုန်အံ့။
[ Verse 4. ]
ဝမ်းမြောက်ဖွယ်နံနက်မှာ၊ မွေးဖွားခြင်း ခံရှင်အား၊
ဘုန်းတော်မြတ် ချီးကျူးလျက်၊ နာမတော်ကြွေး
ကြော်။ လူဇာတိခံသော ဘုရားနှုတ်ကပတ်တော်။
[ Chorus ]
(လာကြ၊ ကိုးကွယ်-ကြကုန်အံ့)၂။
ခရစ်တော်ရှင် သခင်ကို ကိုးကွယ်ကြကုန်အံ့။
19
