ဆိုးယုတ်လွန်း ညစ်ညူးခုကာလ။(ဧဖက်၊ ၅း၁၆-၁၈)
Tune:Thef Rock that is Higher than I.(Be steadfast in trial.
[ Verse 1. ]
ဆိုးယုတ်လွန်း ညစ်ညူး၊ ခု-ကာလ၊ မြေကြီးပေါ် ၌
နေရစဥ်တွင်၊ သောကမျိုးမျိုးနှင့် တွေ့သောခါ၊
တို့-စိတ်ညှိုးငယ်ခြင်း၊ မရှိသင့်။
[ Chorus ]
အို-ရှင်ယေရှု၊ ကျွန်ုပ်တို့သည်၊
သည်းခံနိုင်သော သဘောရပါစေ၊
အို-ရှင်ယေရှု၊ ကျွန်ုပ်တို့သည်၊
ကိုယ်တော့်အလိုတော် ဝန်ခံနိုင်ပါစေ။
[ Verse 2. ]
နာမတော်အတွက် ခံခြင်းမှာ ၊ နောက်စံစားဖို့ရန်
ဟု သိမြင်၊ သို့အောက်မေ့လျက်နှင့် ခံသူကား၊
မင်္ဂလာများစွာ ရှိမည်-အစဥ်။
[ Chorus ]
အို-ရှင်ယေရှု၊ ကျွန်ုပ်တို့သည်၊
သည်းခံနိုင်သော သဘောရပါစေ၊
အို-ရှင်ယေရှု၊ ကျွန်ုပ်တို့သည်၊
ကိုယ်တော့်အလိုတော် ဝန်ခံနိုင်ပါစေ။
[ Verse 3. ]
နှုတ်ကပတ်တော်ကို စောင့်ရှောက်နေရာ၊ သူများ
ကဲ့ရဲ့ခြင်း၊ ပြစ်တင်ခြင်း၊ မထောက်ဘဲလျက်နှင့်
လွန်ကြိုးစား၊မီးခွက်တွင် ဆီတည့်သင့်ပြင်ဆင်။
[ Chorus ]
အို-ရှင်ယေရှု၊ ကျွန်ုပ်တို့သည်၊
သည်းခံနိုင်သော သဘောရပါစေ၊
အို-ရှင်ယေရှု၊ ကျွန်ုပ်တို့သည်၊
ကိုယ်တော့်အလိုတော် ဝန်ခံနိုင်ပါစေ။
[ Verse 4. ]
ရန်သူကိုပင် ချစ်မိန့်ဆိုထား၊ မိန့်တော်မြတ်ကို
နားထောင်လိုလျှင်၊ ညှဥ်းဆဲသူကိုပင် ချစ်သနား၊
ကိုယ်တော် လမ်းအတိုင်း လိုက်အစဥ်။
[ Chorus ]
အို-ရှင်ယေရှု၊ ကျွန်ုပ်တို့သည်၊
သည်းခံနိုင်သော သဘောရပါစေ၊
အို-ရှင်ယေရှု၊ ကျွန်ုပ်တို့သည်၊
ကိုယ်တော့်အလိုတော် ဝန်ခံနိုင်ပါစေ။
194
