ကိုးစား နားထောင်။
Trust and Obey.
[ Verse 1. ]
နှုတ်ကပတ်အလင်းတွင် ယေရှုနှင့်လျှောက်သွားစဥ်၊
ငါတို့လမ်း ထွန်းလင်းစေတော်မူသည် ၊ အလိုတော်
ကို လိုက်လျှင်၊ အတူသွားမည်အစဥ်၊ ကိုးစား၍
နားထောင်လျက် နေရမည်။
[ Chorus ]
ကိုးစား နားထောင်၊ ခြားသော လမ်းရှာမတွေ့၊
ယေရှု၌ ချမ်းသာရအောင်၊ ကိုးစားနားထောင်ရလေ။
[ Verse 2. ]
ငါတို့၏ လေးသောဝန်၊ ဆင်းရဲဒုက္ခခံဖို့၊ ကိုယ်
တော်၏ ကျေးဇူးမြတ်လောက်ပေ၏။ ငါ-တို့
ကြောက်လန့်စေရန် စာတန်နှောင့်ယှက်ရာကို
ကိုးစားနားထောင်ခြင်းဖြင့် ပျောက်စေမည်။
[ Chorus ]
ကိုးစား နားထောင်၊ ခြားသော လမ်းရှာမတွေ့၊
ယေရှု၌ ချမ်းသာရအောင်၊ ကိုးစားနားထောင်ရလေ။
[ Verse 3. ]
သို့သော်လည်း ငါတို့၌ ရှိသမျှသောအရာ၊
ကိုယ်တော်လက်၌ အပ်ထားကြရမည်၊ကိုယ်
ကိုမအပ်နှံလျှင် ဆုကျေးဇူးတော်အများ၊ ငါတို့
အလျှင်း မခံစားနိုင်ကြ။
[ Chorus ]
ကိုးစား နားထောင်၊ ခြားသော လမ်းရှာမတွေ့၊
ယေရှု၌ ချမ်းသာရအောင်၊ ကိုးစားနားထောင်ရလေ။
[ Verse 4. ]
ငါတို့သည် ယေရှုနှင့် မိသဟာယဖွဲ့လျှင်၊
ကိုယ်တော်နှင့် အတူသွားလာကြမည်၊ မိန့်တော်
မူသည်အတိုင်း၊ သွားလာဆောင်ရွက်ပါမည်၊
မကြောက်ဘဲ ကိုးစားလျက်၊ နားထောင်မည်။
[ Chorus ]
ကိုးစား နားထောင်၊ ခြားသော လမ်းရှာမတွေ့၊
ယေရှု၌ ချမ်းသာရအောင်၊ ကိုးစားနားထောင်ရလေ။
128
