တန်ခိုး အန္နရှင်။
Come, Thou Almighty King.
[ Verse 1. ]
တန်ခိုး-အနန္တရှင်၊ ကြွလာ မဟာ-ဘုရင်၊
နာမတော်အား၊ ကျွန်ုပ်တို့ ချီးမွမ်းရ။ မစတော်မူ
အဘ၊ အောင်မြင်ဘုန်းနှင့် တကွ၊ စိုးစံမူပါ။
[ Verse 2. ]
ကျွန်ုပ်တို့ ယေရှုရှင်၊ အကွယ်အကာ ကြွဆင်း၊
မလဲအံ့ငှာ၊ ရန်သူတို့ လက်ထဲက၊ လွတ်မည်
အကြောင်းကယ်မ၊ ကိုယ်တော်သာ မှီတွယ်ရာ၊ နာယူမူပါ။
[ Verse 3. ]
နှုတ်ကပတ်တော် ကြွလာ၊ ကျွန်ုပ်တို့-ပတ္တနာ၊
နားညောင်းတော်မူ၊ ကိုယ်တော်၏ လူအပေါင်း၊
တရားအကျိုး မြင်အောင်၊ ကောင်းချီးများစွာ
သွန်းလောင်း၊ ဆင်းသက်တော်မူပါ။
[ Verse 4. ]
အို-ဥပဇ္ဇုာယ်ဆရာ၊ သက်သေတော်-ခံခြင်းငှာ၊
ကြွပါ၊ ယခု၊ တန်ခိုးခပ်သိမ်းရှိသော၊ မဟာမြတ်
ဝိညာဥ်တော်၊အကျွန်ုပ်တို့အပေါ်၊ အုပ်စိုးခြင်းပြု။
[ Verse 5. ]
သုံးပါးတစ်ဆူဘုရား၊ ကိုယ်တော်အရှင်-မြတ်
အား၊ ချစ်ခင်မှီဝဲ၊ အထက်ဘုံ၌ ဖူးမြော်။
တန်ခိုးဘုန်း အာနုဘော်၊
ရှိတော်မူပါစေသော၊ အစဥ်အမြဲ။
8
