မြဲတည်ကျောက် ကျွန်ုပ်ဖို့ကွဲ။
Rock of Ages.
[ Verse 1. ]
မြဲတည်ကျောက် ကျွန်ုပ်ဖို့ကွဲ၊ ခိုပါစေ၊ ကိုယ်
တော်အထဲ။ နံတော်ထဲက စီးရေ၊ သွေး၊
ပြစ်အနာကို ငြိမ်းစေရေ၊ ပြစ်ဖြေရှင်း၊ နှလုံး
ဆေးကြော၊ ကုန်စင်ကယ်တင်ပါစေသော။
[ Verse 2. ]
မျက်ရည်များ အစဥ်ယိုစေ၊ စိတ်အားကြီး
မလျှော့မရွေ့။ ဤမျှပင် အပြစ်မလွတ်၊
ကိုယ်တော်သာ သနားကယ်ချွတ်။ လက်တော်၌
အဖိုးမပါ၊ တိုင်တော်ရင်းသာ ချဥ်းကပ်ပါ။
[ Verse 3. ]
လက်ချည်း၊ ကိုယ်တော်ထံ ရောက်လာ၊ တိုင်
တော်ကိုသာ ဆည်းကပ်ပါ။ ဝတ်ချည်းစည်း၊
ဆင်ယင်ထောက်ပင့်။ ခိုရာမဲ့ကျေးဇူးမျှော်လင့်၊
ညစ်လျက်စမ်းရေ ချဥ်းကပ်လာ၊ သေကင်း
အောင် ဆေးတော်မူပါ။
[ Verse 4. ]
ထွက်သက်ဝင်သက် ရှုစဥ်တွင်၊ မျက်စိသေ
လျက် စုတေံလျှင်၊ မြင့်ရွှေဘုံသို့ ပြန်တက်ကြွ၊
ဖြူမလ္လင်တော် မြင်ရမှ၊ မြဲတည်ကျောက်
ကျွန်ုပ်ဖို့ကွဲ၊ ခိုပါစေ၊ ကိုယ်တော်အထဲ။
89
