အကျွန်ုပ်နာမည် ရေးသားလျက်ရှိသလား။
Is My Name Written There.
[ Verse 1. ]
ကြွယ်ဝခြင်းကို မှုမထား၊ ရွှေငွေ မတောင့်တပါ။
ကောင်းကင်ကို အရင်ရှာမည်၊ သိုးခြံထဲသို့ဝင်မည်။
ကောင်းကင်ဘုံထက် စာစောင်တွင်၊ ကျွန်ုပ်၏နာမည်
ပင်။ ရေးမှတ်သားလျက် ရှိသလား၊ ယေရှုရှင်ကြား ပြောပါ။
[ Chorus ]
အကျွန်ုပ်၏ နာမည်ကောင်းကင်သက်
စာစောင်တွင်၊ ဖြူစင်လှစွာ စာရွက်မှာ၊
(ရေးသားလျက်ရှိသလား)။(အပိုင်း-၁၊ ၂)
(ရေးသားလျက်ရှိပါသည်)။(အပိုဒ်-၃)
[ Verse 2. ]
ကျွန်ုပ်အပြစ် များလှပါ၊ ပင်လယ်သဲလုံးပမာ၊ သို့
သော်၊ ကိုယ်တော်သွေးတော်သည်၊ ကျွန်ုပ်ဖို့လောက်
ပေ၏။ ကိုယ်တော်မြတ်သည် ပေးသနား၊ ဂတိတော်
လာသည်ကား၊ သင်၏အပြစ်နီသော်လည်း၊ မိုးပွင့်လို ဖြူစေမည်။
[ Chorus ]
အကျွန်ုပ်၏ နာမည်ကောင်းကင်သက်
စာစောင်တွင်၊ ဖြူစင်လှစွာ စာရွက်မှာ၊
(ရေးသားလျက်ရှိသလား)။(အပိုင်း-၁၊ ၂)
(ရေးသားလျက်ရှိပါသည်)။(အပိုဒ်-၃)
[ Verse 3. ]
တင့်တယ်၊ သန့်ရှင်းမြို့တော်မှာ၊ အိမ်တော်ထွန်းလင်း
လှပါ။ သန့်ရှင်းဘုန်းကြီးသတ္တဝါ၊ ဝတ်လုံဖြူစင်ဝတ်
ကြ။ ထိုတင့်တယ်သော အရပ်မှာ ၊ အန္တရာယ်မရှိပါ၊
ကောင်းကင်သားများ စောင့်နေရာ၊ ငါ့-နာမည်ရှိသလား။
[ Chorus ]
အကျွန်ုပ်၏ နာမည်ကောင်းကင်သက်
စာစောင်တွင်၊ ဖြူစင်လှစွာ စာရွက်မှာ၊
(ရေးသားလျက်ရှိသလား)။(အပိုင်း-၁၊ ၂)
(ရေးသားလျက်ရှိပါသည်)။(အပိုဒ်-၃)
125
