အိမ်တော်တွင်။
Gathered Home.
[ Verse 1. ]
ငါ-တို့ကို စောင့်လျက်၊ မျှော်-နေသူတို့နှင့်၊
သာယာသော မြစ်စမ်းရေ၊ ကမ်းပေါ်တွင်၊
စုရုံး၍ တူတကွ၊ တွေ့ကြုံ-ရလျှင်၊
ဝမ်းမြောက်စွာ၊ ဝမ်းမြောက်စွာ၊ ကြွေးကြော်ကုန်။
[ Chorus ]
(အိမ်တော်တွင်)၂-ခါ။
သာယာသော၊ မြစ်စမ်းရေ၊
ကမ်းပါးတွင်၊ ချစ်သူတို့နှင့်-တကွ၊
စုရုံး၍ ဝမ်းမြောက်စွာ ချီးမွမ်းကြ။
[ Verse 2. ]
ဝမ်းနည်းပူပန်ခြင်း၊ စိတ်လွတ်ကင်းလျက်နှင့်၊
ရွေးနှုတ်ခြင်း၊ ကျေးဇူးတော် ကျူးဧလျက်၊
ငါ-တို့ကို စောင့်လျက်မျှော် နေသူတို့နှင့်၊
ဝမ်းမြောက်စွာ၊ ဝမ်းမြောက်စွာ၊ ကြွေးကြော်ကုန်။
[ Chorus ]
(အိမ်တော်တွင်)၂-ခါ။
သာယာသော၊ မြစ်စမ်းရေ၊
ကမ်းပါးတွင်၊ ချစ်သူတို့နှင့်-တကွ၊
စုရုံး၍ ဝမ်းမြောက်စွာ ချီးမွမ်းကြ။
[ Verse 3. ]
ပလ္လင်တော်ဝယ်၊ မြတ်ဂုဏ်တော် ချီးမြှောက်၍၊
ကယ်တင်ပိုင် ယေရှုရှင်ကို-ဖူးမြင်၊
ချစ်မိတ်ဆွေ၊ အပေါင်းနှင့်၊ အတူတကွ၊
ဝမ်းမြောက်စွာ၊ ဝမ်းမြောက်စွာ ကြွေးကြော်ကုန်။
[ Chorus ]
(အိမ်တော်တွင်)၂-ခါ။
သာယာသော၊ မြစ်စမ်းရေ၊
ကမ်းပါးတွင်၊ ချစ်သူတို့နှင့်-တကွ၊
စုရုံး၍ ဝမ်းမြောက်စွာ ချီးမွမ်းကြ။
168
