အလင်းသို့လာ။
Tune: The light of the world.
[ Verse 1. ]
ကျေးဇူးတော်မြတ်ဖြင့် ငါ-တို့-မျက်စိများပွင့်၊
ကျေးဇူးတော်မြတ် ခု-ကြီးလှပေ။
မိုက်မဲခြင်းအပြစ်မှ၊ ကင်းလွတ်၍ သိမြင်၊
ကျေးဇူးတော်မြတ် ခု-ကြီးလှပေ။
[ Chorus ]
အလင်းသို့လာ၊ ရောက်ရှိလျက်နေရာ၊
ငါ-တို့မှာ ခု-သိမြင်တွေ့ရကြ၊
မိုက်မဲလျက်ပင်၊ အရင်နေခဲ့လေ၊
ကျေးဇူးတော်မြတ် ခု-ကြီးလှပေ။
[ Verse 2. ]
လူကြံစည်ခြင်းထက် အံ့ဖွယ်စည်းစိမ်မြင်ရ၊
ကျေးဇူးတော်မြတ် ခု-ကြီးလှပေ။
ချမ်းသာရာဘုံသို့ ဝင်ဖို့ရာ ခွင့်ရကြ၊
ကျေးဇူးတော်မြတ် ခု-ကြီးလှပေ။
[ Chorus ]
အလင်းသို့လာ၊ ရောက်ရှိလျက်နေရာ၊
ငါ-တို့မှာ ခု-သိမြင်တွေ့ရကြ၊
မိုက်မဲလျက်ပင်၊ အရင်နေခဲ့လေ၊
ကျေးဇူးတော်မြတ် ခု-ကြီးလှပေ။
[ Verse 3. ]
ကယ်တင်ခြင်းမက ဘုန်းတန်ခိုးများရမည်၊
ကျေးဇူးတော်မြတ် ခု-ကြီးလှပေ၊
သားသမီးဖြစ်ဖို့ရန် ခန့်ထားတော်မူပြီ။
ကျေးဇူးတော်မြတ် ခု-ကြီးလှပေ။
[ Chorus ]
အလင်းသို့လာ၊ ရောက်ရှိလျက်နေရာ၊
ငါ-တို့မှာ ခု-သိမြင်တွေ့ရကြ၊
မိုက်မဲလျက်ပင်၊ အရင်နေခဲ့လေ၊
ကျေးဇူးတော်မြတ် ခု-ကြီးလှပေ။
[ Verse 4. ]
ထို့ကြောင့် သိမြင်သူတို့သည် မြွတ်ဆိုကြစေ၊
ကျေးဇူးတော်မြတ် ခု-ကြီးလှပေ၊
သွန်သင်သော ဝိညာဥ်တော်ကို ချီးမွမ်းလျက်နေ၊
ကျေးဇူးတော်မြတ် ခု-ကြီးလှပေ။
[ Chorus ]
အလင်းသို့လာ၊ ရောက်ရှိလျက်နေရာ၊
ငါ-တို့မှာ ခု-သိမြင်တွေ့ရကြ၊
မိုက်မဲလျက်ပင်၊ အရင်နေခဲ့လေ၊
ကျေးဇူးတော်မြတ် ခု-ကြီးလှပေ။
180
