စစ်တိုက်သံ ကြွေးကြော်။
Sound the Battle Cry.
[ Verse 1. ]
စစ်တိုက်သံကြွေးကြော်၊ ရန်သူနီးကြည့်လော့၊
အလံတော်မြတ်ကို၊ မြှောက်ချီလော့၊
စစ်တန်ဆာဝတ်ပါ၊ ရဲရင့်စွာရပ်ပါ၊
နှုတ်ကပတ်တော်မြတ်ယုံလျက် တိုက်လော့။
[ Chorus ]
ထလော့၊ စစ်သည် အလံတော်ကိုဝိုင်းလော့၊
အသင့်ရှိလော့၊ လူတိုင်းအားကြားပြော၊
ရှေ့သို့တိုးတက်၊ ဟောရှဏ္ဏ၊ ကြွေးကြော်ကြ
ယေရှုရှင်၊ စစ်ဗိုလ်ချုပ်ကြီးဖြစ်ပါ။
[ Verse 2. ]
ရန်သူကိုတွေ့ဖို့၊ ရှေ့သို့တိုးတက်စို့၊
ငါတို့အမှုအောင်မြင်လိမ့်မည်၊
ဒိုင်းလွှားအလံများ၊ အလင်းတွင်တောက်ပ။
အမှန်ဖို့စစ်တိုက်လျှင်စဥ်အောင်မည်။
[ Chorus ]
ထလော့၊ စစ်သည် အလံတော်ကိုဝိုင်းလော့၊
အသင့်ရှိလော့၊ လူတိုင်းအားကြားပြော၊
ရှေ့သို့တိုးတက်၊ ဟောရှဏ္ဏ၊ ကြွေးကြော်ကြ
ယေရှုရှင်၊ စစ်ဗိုလ်ချုပ်ကြီးဖြစ်ပါ။
[ Verse 3. ]
ကောင်းကင်ရှင်ဘုရား၊ နားညောင်းတော်မူပါ၊
ကရုဏာတော်ဖြင့်၊ မစပါ၊
စစ်မှုပြီးသောအခါ၊ စစ်ပွဲအောင်သောခါ၊
ရှေ့တော်မှာသရဖူကိုပေးပါ။
[ Chorus ]
ထလော့၊ စစ်သည် အလံတော်ကိုဝိုင်းလော့၊
အသင့်ရှိလော့၊ လူတိုင်းအားကြားပြော၊
ရှေ့သို့တိုးတက်၊ ဟောရှဏ္ဏ၊ ကြွေးကြော်ကြ
ယေရှုရှင်၊ စစ်ဗိုလ်ချုပ်ကြီးဖြစ်ပါ။
100
