ရှေးဦးရှိဖူးသော မေတ္တာ။
Thou hast left thy first Love.
[ Verse 1. ]
ရှေးဦး ရှိဖူးသောမေတ္တာ၊
သင်၌ ယုတ်လျော့တကား၊
ထက်နေရပ်ကို အောက်မေ့၍၊
ရှေးဦး-ကဲ့သို့ ကျင့်လေ။
[ Chorus ]
ငါသည် လျင်စွာ ပြန်လာမည်၊
ငါသည် လျင်စွာ လာမည်၊
နောင်တရလျက် အောင်သူသည်၊
သက်သီး စားခွင့်ရမည်။
[ Verse 2. ]
ရှေးအကျင့်မှာ ဘယ်သို့ရှိ၊
ကျမ်းစာမြတ်၌ ရှုကြည့်၊ တမန်တော်တို့၏
နည်းသာ၊ လိုက်လျှောက် မျက်မှောက်ပြုရာ။
[ Chorus ]
ငါသည် လျင်စွာ ပြန်လာမည်၊
ငါသည် လျင်စွာ လာမည်၊
နောင်တရလျက် အောင်သူသည်၊
သက်သီး စားခွင့်ရမည်။
[ Verse 3. ]
ဦးစွာ သင်းတော် တည်စခါ၊
သင်းဝင် ရှိသူတို့မှာ၊ မည်သူတို့၏ ဆုံးမခြင်း၊
မြဲစွဲခံသည် သိမြင်။
[ Chorus ]
ငါသည် လျင်စွာ ပြန်လာမည်၊
ငါသည် လျင်စွာ လာမည်၊
နောင်တရလျက် အောင်သူသည်၊
သက်သီး စားခွင့်ရမည်။
[ Verse 4. ]
ရှေး-တမန်တော်တို့ နည်းတူ၊
ပွဲတော်မြတ်ကိုခံယူ၊ သူတို့ကဲ့သို့ ပေါင်းသင်း၍၊
စည်းဖွဲ့မြဲလျက်- ရှိစေ။
[ Chorus ]
ငါသည် လျင်စွာ ပြန်လာမည်၊
ငါသည် လျင်စွာ လာမည်၊
နောင်တရလျက် အောင်သူသည်၊
သက်သီး စားခွင့်ရမည်။
181
