အပွမေယျ မေတ္တာတော်။
Love Divine, All Loves Excelling.
[ Verse 1. ]
အပွမေယျ၊ ချစ်ခြင်းမေတ္တာ၊ ကောင်းကင်ဘုံ
ပီတိ ကြွလျက်၊ ကျွန်ုပ်တို့တွင် ကိန်းဝပ်မူပါ၊
ကျေးဇူးတော် အပေါင်းဆင်းသက်။ ကရုဏာ
နှင့် ကိုယ်တော်ကြွယ်ဝ၊ ဒုစရိုက်မှ ကယ်တော်
မူ၊ ကိုယ်တော်ကို ကျွန်ုပ်တို့ တောင့်တ၊
ဘုန်းပွင့်စေ၊ အို - ရှင်ယေရှု။
[ Verse 2. ]
သောက ပူလောင် နှလုံးထဲသို့၊ ဝိညာဥ်တော်
သည် ပသာသ။ ခု မှုတ်သွင်း တော်မူပါစေ
သော၊ မောပန်းခြင်း ငြိမ်းစေမူပါ။ ရွေးနှုတ်
ခြင်းငှာ ဣသာရိယ၊ ဘုန်းနှင့် ပြည့်စုံတော်မူ
လေ။ ကိုယ်တော်ချက်ခြင်း ကြွလာမူပါ၊
ဗိမာန်တော်၌ မြဲစွဲနေ။
[ Verse 3. ]
ကိုယ်တော်သည် ဖန်ဆင်းပြုပြင်ခြင်း၊ မှုတော်
ပြီးစီးစေမူရာ၊ ဖြူစင်စေတော် မူသောအားဖြင့်၊
ကျွန်ုပ်တို့ စုံလင်စေပါ။ ကောင်းကင်ဘုံသို့
ရောက်သောကာလ၊ ရှေ့တော်၌ ဦးညွတ်ချ
ချိန်။ ချီးမွမ်း ထောမနာ ပြုအံ့ငှာ၊
ဘုန်းတော်ကို ဝင်စားကြချိမ့်။
40
