တိတ်ဆိတ်ည၊ သန့်ရှင်းည။
Silent Night, Holy Night.
[ Verse 1. ]
တိတ်ဆိတ်ည၊ သန့်ရှင်းည၊ သူငယ်တော် အိပ်စဥ်
ခါ၊ ကောင်းကင်မှာ ကြယ်လင်းရောင်ခြည်၊ သူငယ်
တော်ပေါ်ထွန်းတောက်သည်။ ကောင်းကင် ငြိမ်
သက်ခြင်းသည်၊ ကိုယ်တော်ပေါ်မှာ တည်၏။
[ Verse 2. ]
တိတ်ဆိတ်ည၊ သန့်ရှင်းည၊ မှောာင်ကွယ်သွား၊
ရောင်ခြည်လာ၊ ကောင်းကင်သားများ သီချင်းသံ၊
သိုးထိန်းသား များတို့ နာခံ။ ခရစ်တော်ကယ်တင်
ရှင်၊ မြေကြီးပေါ်သို့ သက်ဆင်း။
[ Verse 3. ]
တိတ်ဆိတ်ည၊ သန့်ရှင်းည၊ လမ်းပြကြယ်၊ လမ်းပြ
ပါ။ ရှေ့ပြည်က ပညာရှိများ၊ ထံတော်သို့ လက်
ဆောင်ယူလာ။ ခရစ်တော် ကယ်တင်ရှင်၊ မြေကြီး
ပေါ်သို့ သက်ဆင်း။
[ Verse 4. ]
တိတ်ဆိတ်ည၊ သန့်ရှင်းည၊ အံ့ဖွယ်ကြယ်၊ ထွန်းလင်းပါ။
ကောင်းကင်သားနှင့်တူတကွ၊ ဟာလေလုယဧကျူးကြ၊
ခရစ်တော်ကယ်တင်ရှင်၊ မြေကြီးပေါ်သို့သက်ဆင်း။
24
