ယုံကြည်ခြင်းသည် အောင်မြင်ခြင်းတည်း။
Faith is the Vistory.
[ Verse 1. ]
အလင်းတော်၏ ကမ်းပါးယံ၌၊ ခရစ်ယာန်စစ်သည်
တော်များ၊ စခန်းချလျက်တပ်စွဲနေပါ၊ တောင်အောက်
ရန်သူများကို ၊ အားကုန်သွန်လျက် ချီတက်တိုက်ကြ၊
လင်းရောင်ရှိချိန်တိုက်ပါ။ ယုံကြည်ခြင်းသည်အောင်
မြင်ခြင်းတည်း၊ လောကကို အောင်ခြင်းတည်း။
[ Chorus ]
(ယုံခြင်းဖြင့် ၊ အောင်မြင်သည်)၂-ခါ၊
ဤလောကကိုအောင်နိုင်သည်၊ ကြီးစွာ
သော အောင်ခြင်းတည်း။
[ Verse 2. ]
မေတ္တာတော်သည် ငါတို့အလံ၊ နှုတ်ကပတ်တော်ကားဓား၊
သန့်ရှင်းသူတို့ ခြေရာလျှောက်လျက်၊ ဝမ်းမြောက်စွာ
ကြွေးကြော်ပါ၊ လျင်မြန်လှသော လေပွေကဲ့သို့၊ ရန်သူရှိ
ရာဝင်ကြ၊ သေခြင်းကိုအောင်သောယုံခြင်းဖြင့်၊ ရန်သူကို
အောင်မြင်ပါ။
[ Chorus ]
(ယုံခြင်းဖြင့် ၊ အောင်မြင်သည်)၂-ခါ၊
ဤလောကကိုအောင်နိုင်သည်၊ ကြီးစွာ
သော အောင်ခြင်းတည်း။
[ Verse 3. ]
ကြောက်ဖွယ် မာရ်နတ်စစ်သည်အများ၊ နေရာအနှံ့ရောက်
လာ၊ သို့ကြောင့်၊ ဘုရားလက်နက်စုံကို အသင့်တပ်ဆင်၍
ထား။ ကယ်တင်ခြင်း သံခမောက်ကိုဆောင်း၊ သစ္စာခါးပန်း
ကိုစည်း၊ မြေကြီးတုန်လှုပ် ပဲ့တင်ထပ်မျှ၊
ကြွေးကြော် အော်ဟစ်ကုန်ကြ။
[ Chorus ]
(ယုံခြင်းဖြင့် ၊ အောင်မြင်သည်)၂-ခါ၊
ဤလောကကိုအောင်နိုင်သည်၊ ကြီးစွာ
သော အောင်ခြင်းတည်း။
[ Verse 4. ]
ရန်သူကိုအောင်မြင်သောသူအားဖြူဝတ်လုံကိုပေးမည်၊
ကောင်းကင်တမန်အပေါင်းရှေ့မှာ၊ သူ့နာမတော်ပြမည်။
အလင်းတော်မှ ရှေ့သို့တိုးတက်၊ မေတ္တာစိတ်ရွှင်လန်းရ၊
ယေရှုအောင်မြင် နာမတော်မြတ်၊ ညဥ့်တပ်ပါတို့အောင်ကြ။
[ Chorus ]
(ယုံခြင်းဖြင့် ၊ အောင်မြင်သည်)၂-ခါ၊
ဤလောကကိုအောင်နိုင်သည်၊ ကြီးစွာ
သော အောင်ခြင်းတည်း။
131
