ချစ်မေတ္တာ အိမ်ထောင်။
(Love in the Family)
[ Verse 1. ]
ချစ်မေတ္တာ အိမ်ထောင်တွင်ရှိခဲ့လျှင်၊ ဘယ်မျှ
ပျော်ရွှင်မည်နည်း။ ညီညွတ်ခြင်း အိမ်ထောင်တွင်
ရှိခဲ့လျှင်၊ ကောင်းကင်၌ - ကဲ့သို့တည်း။
[ Chorus ]
ချစ်ခြင်းမေတ္တာတော်သည်၊ သင့်အိမ်တွင်ရှိခဲ့လျှင်
အိမ်ထောင် ဆင်းရဲသော်လည်း၊ သင်၏ စိတ်မ
ဆင်းရဲ။ ရွှေ၊ ငွေ-မရှိ-သော်လည်း၊ ချစ်မေတ္တာ
ဘိုးတန်သည်။ သင်၏ အိမ်ထောင်တွင်၊ ပျော်ရွှင်
မှုရှိမည်။ ဆုတောင်းလျက်၊ အသက်ရှင်ပါ။
[ Verse 2. ]
ခရစ်တော် အိမ်ထောင်တွင်ရှိခဲ့လျှင်၊ မည်မျှငြိမ်
သက်မည်နည်း။ နားထောင်ခြင်း အိမ်ထောင်
တွင်ရှိခဲ့လျှင်၊ သာယာမှု ရှိမည်တည်း။
[ Chorus ]
ချစ်ခြင်းမေတ္တာတော်သည်၊ သင့်အိမ်တွင်ရှိခဲ့လျှင်
အိမ်ထောင် ဆင်းရဲသော်လည်း၊ သင်၏ စိတ်မ
ဆင်းရဲ။ ရွှေ၊ ငွေ-မရှိ-သော်လည်း၊ ချစ်မေတ္တာ
ဘိုးတန်သည်။ သင်၏ အိမ်ထောင်တွင်၊ ပျော်ရွှင်
မှုရှိမည်။ ဆုတောင်းလျက်၊ အသက်ရှင်ပါ။
[ Verse 3. ]
အိမ်ထောင်ဦးစီးသည် ယေရှုဖြစ်သည်။ အမြဲဦး
ဆောင်စေပါ။ ဘုရားသခင်သည် မေတ္တာဖြစ်
သည်။ သင့်အိမ်တွင် လက်ခံပါ။

203