ဘိုးဘေးတို့၏ ယုံကြည်ခြင်း။
Faith of Our Fathers.
[ Verse 1. ]
ညှဥ်းဆဲခြင်းမျိုး ခံရသော်လည်း၊
ဘိုးဘေးတို့၏ ယုံကြည်ခြင်းတည်၊
ထိုသတင်းကို ကြားရသောခါ၊
ကျွန်ုပ်တို့စိတ် ဝမ်းမြောက်ဝမ်းသာ။
[ Chorus ]
ဘိုးဘေးတို့၏ ယုံကြည်ခြင်းကြောင့်၊
တည်ကြည်ပါမည်၊ သေသည့်တိုင်အောင်။
[ Verse 2. ]
ထောင်တွင် အကျဥ်းခံရသော်လည်း၊
သူတို့စိတ်သည် တည်ကြည်လျက်ရှိ။
ယုံကြည်ခြင်းကြောင့် ကျွန်ုပ်တို့လည်း၊
အဆုံးတိုင်အောင် ခံသင့်ကြ၏။
[ Chorus ]
ဘိုးဘေးတို့၏ ယုံကြည်ခြင်းကြောင့်၊
တည်ကြည်ပါမည်၊ သေသည့်တိုင်အောင်။
[ Verse 3. ]
ယုံကြည်ခြင်းကြောင့် ကျွန်ုပ်တို့လည်း ၊ ရန်သူကို
ပင်၊ ချစ်ခင်ပါမည်။ ကောင်းသောအကျင့် စကား
အားဖြင့်၊ ယုံကြည်ခြင်းတရား ဟောပြောမည်။
[ Chorus ]
ဘိုးဘေးတို့၏ ယုံကြည်ခြင်းကြောင့်၊
တည်ကြည်ပါမည်၊ သေသည့်တိုင်အောင်။
[ Verse 4. ]
ဘိုးဘေးတို့၏ ယုံကြည်ခြင်းသည်၊ စံထိုက်တုယူ၊
ချစ်ကြည်ညိုနေ။ ထိုယုံကြည်ခြင်းနည်းတူ ကျွန်ုပ်၊
ဆုံးခန်းတိုင် တည်ကြည် ခံယူမည်။
[ Chorus ]
ဘိုးဘေးတို့၏ ယုံကြည်ခြင်းကြောင့်၊
တည်ကြည်ပါမည်၊ သေသည့်တိုင်အောင်။
60
