လက်ချည်းဖြစ်လျက်သေသွားရလော။
Must I go and empty handed?
[ Verse 1. ]
လက်ချည်းဖြစ်လျက် သေသွားရလော၊
ကယ်တင်ရှင်ကို ဤသို့တွေ့၊
မှုတော်မြတ်တို့ကို မဆောင်ဘဲ၊
ကိုယ်တော်အား ဘာမျှမပေး။
[ Chorus ]
လက်ချည်းဖြစ်လျက်သေသွားရလော၊
ဤသို့ကယ်တင်ရှင်ကိုကြည့်။
ခေါ်သွေးဆောင်ပြီးသူမပါဘဲ၊
ဘယ်သို့ထံတော်ဝင်မည်နည်း။
[ Verse 2. ]
ခုသေရသော်လည်း မစိုးရိမ်၊
ကိုယ်တော်ခုငါ့ကိုကယ်တင်။
သို့သော် လက်ချည်းသွားရသောကြောင့်၊
ဝမ်းနည်းခြင်းနှင့် ငါမကင်း။
[ Chorus ]
လက်ချည်းဖြစ်လျက်သေသွားရလော၊
ဤသို့ကယ်တင်ရှင်ကိုကြည့်။
ခေါ်သွေးဆောင်ပြီးသူမပါဘဲ၊
ဘယ်သို့ထံတော်ဝင်မည်နည်း။
[ Verse 3. ]
ချည်းနှီးလွန်စေသောနှစ်တို့ကို၊
တစ်ဖန်လွန်စေပြန်နိုင်လျှင်၊
သက်ချိန်လုံးကိုယ်တော်အားပေးလို၊
ကိုယ်တော်နောက်သို့ စဥ်လိုက်ချင်။
[ Chorus ]
လက်ချည်းဖြစ်လျက်သေသွားရလော၊
ဤသို့ကယ်တင်ရှင်ကိုကြည့်။
ခေါ်သွေးဆောင်ပြီးသူမပါဘဲ၊
ဘယ်သို့ထံတော်ဝင်မည်နည်း။
[ Verse 4. ]
သန့်ရှင်းသူတို့ နှိုး၍ကြိုးစား၊
နေ့ချိန်တွင်မူတော်ဆောင်လေ။
သေရသော ကာလမရောက်မီ၊
သူတစ်ပါးကိုသွေးဆောင်နေ။
[ Chorus ]
လက်ချည်းဖြစ်လျက်သေသွားရလော၊
ဤသို့ကယ်တင်ရှင်ကိုကြည့်။
ခေါ်သွေးဆောင်ပြီးသူမပါဘဲ၊
ဘယ်သို့ထံတော်ဝင်မည်နည်း။
92
